စားသုံးသူရေးရာဦးစီးဌာန၊ ဘားအံခရိုင်ဦးစီးမှူး ဦးမျိုးဝင်းနိုင်နှင့် ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၂၀၂၃ ခုနှစ် မတ်လ ၁၅ ရက်နေ့တွင်ကျရောက်သည့် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အထိမ်းအမှတ်ပိုစတာစိုက်ထူခြင်းနှင့်စတေကာ (Sticker)ဖြန့်ဝေခြင်း (ကမ်ပိန်း)ကို ၁၅-၃-၂၀၂၃ ရက်နေ့ (၁၁:၀၀) နာရီအချိန်တွင် ဘားအံမြို့ မြို့မဈေး၊ ကမ်းနားလမ်းနှင့် သံလွင်တံတားတို့တွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အခမ်းအနားအထိမ်းအမှတ် ဗီနိုင်ပိုစတာစိုက်ထူခြင်း အတွက် “၂၀၂၃ ခုနှစ် မတ်လ ၁၅ ရက်နေ့တွင်ကျရောက်သည့် ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့ကို ကြိုဆိုဂုဏ်ပြုပါ၏” “စားသုံးသူကဏ္ဍမြှင့်တင်ဖို့ သန့်ရှင်းစွမ်းအင်ကူးပြောင်းစို့” သုံးသူအခွင့်အရေးနှင့် တာဝန်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှုများဖြစ်ပါက တိုင်ကြားနိုင်သည့် နည်းလမ်းများပါ ၁၀ ပေ ၉ ပေ ဗီနိုင်းပိုစတာ ၃ ခုအား စားသုံးသူရေးဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးနှင့် လူစည်ကားရာမြို့မဈေး ရှေ့တို့တွင်စိုက်ထူခဲ့ကြပြီး “အွန်လိုင်းရောင်းဝယ်မှုဆိုင်ရာ စားသုံးသူအသိပညာ”လှုပ်ရှားမှုတစ်ရပ်အဖြစ် အွန်လိုင်းရောင်းဝယ်မှုဆိုင်ရာအသိပညာ လက်ကမ်းစားစောင်များဖြန့်ဝေခြင်းနှင့် ကား၊ဆိုင်ကယ်များတွင် တပ်ဆင်ရန် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ ဆောင်ပုဒ်စတေကာများကို ကမ်းနားလမ်းတွင်လည်းကောင်း၊ မြို့အဝင်/အထွက် သံလွင်တံတားတွင်လည်းကောင်းအုပ်စုများခွဲ၍ မော်တော်ယာဉ်များတွင် စတေကာများ ကပ်ခဲ့ကြကြောင်းသိရသည်။
၂၀၂၃ ခုနှစ် မတ်လ ၁၅ ရက်နေ့တွင်ကျရောက်သည့် ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြန်မာနိုင်ငံတစ်ဝှမ်းရှိ စားသုံးသူရေးရာဦးစီးဌာန၏ တိုင်းဒေသကြီး/ ပြည်နယ်/ခရိုင်ရုံးများတွင် အထိမ်းအမှတ်အခမ်းအနားနှင့် ပြပွဲများပြုလုပ်ခင်းကျင်းပြသခြင်း၊ ဗီနိုင်းပိုစတာများစိုက်ထူခြင်း၊ “အွန်လိုင်းရောင်းဝယ်မှုဆိုင်ရာ စားသုံးသူအသိပညာ”မီဒီယာကမ်ပိန်း ပြုလုပ်ခြင်းများကို စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။
DOCA(ကရင်)