ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်၊ မော်ကျွန်းမြို့နယ် တာဝန်ခံဦးမင်းဇော်လတ်သည် ပြည်သူ့ကျန်းမာ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ (၁၃.၃.၂၀၂၃)ရက်နေ့ နေ့လည်(၁၄:၀၀)နာရီက မော်ကျွန်းမြို့နယ် မြို့ပေါ်ရှိ မြို့မဈေးနှင့် အောင်သာယာဈေးရှိ ဆေးဆိုင်(၈)ဆိုင်အား တရားမဝင်တင်သွင်းရောင်းချနေသော Parbisure Injection ဆေးများရောင်းချခြင်းရှိ/မရှိ ကွင်းဆင်း စစ်ဆေးခဲ့ပါသည်။
ထို့သို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်တာဝန်ခံမှ အိမ်သုံးဆေးအရောင်းဆိုင်များမှဆိုင် ရှင်များအား တရားမဝင်တင်သွင်းလာသော Parbisure Injection ဆေးများ ရောင်းချခြင်းမပြု ကြရန် သက်တမ်းလွန်ဆေးဝါးများနှင့် လိုင်စင်မဲ့ဆေးဝါးများ ဈေးကွက်အတွင်းစစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေများအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သက်ဆိုင်ရာဌာနများ၏ ညွှန်ကြားချက်များ ဥပဒေများလိုက်နာဆောင်ရွက်ကြရန် အသိပေးစစ်ဆေး ခဲ့ကြောင်း သိရှိရပါသည်။
DOCA(AYA)