မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ ကျင်းပပြုလုပ်

Powered by Drupal

    ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အထိမ်းအမှတ် အခမ်းအနားကို  (၁၅-၃-၂၀၂၃) ရက်နေ့ ၊နံနက် (၀၉:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး၌ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ လူမှုရေးရာဝန်ကြီး၊ ဦးယဉ်ထွေးက ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အခမ်းအနားကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်“စားသုံးသူကဏ္ဍမြှင့်တင်ဖို့ သန့်ရှင်းစွမ်းအင်ကူးပြောင်းစို့” ဆိုင်းဘုတ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရှိရပါသည်။

       ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့အခမ်းအနားတွင် လူမှုရေးရာဝန်ကြီး၊ ဦးယဉ်ထွေးက အဖွင့်အမှာစကားပြောကြားခဲ့ ပြီး မန္တလေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာကော်မတီ၊ အတွင်းရေးမှူး၊ ဦးမြင့်ဇော်ဦးက တက်ရောက်လာကြသောဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းသား/သူများ၊ စီးပွားရေးလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ပေးရေးဆိုင်ရာအသိပညာများအား ရှင်းလင်းဆွေးနွေးခဲ့ကာ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အခမ်းအနားကိုကြိုဆိုဂုဏ်ပြုသောအားဖြင့်  မန္တလေးတိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီမှဦးဆောင်၍ မန္တလေးမြို့‌ပေါ်ရှိ အဝေးပြေးကားကွင်း(၃)ခုနှင့် ဈေး(၂) ဈေးတို့တွင် စားသုံးသူအခွင့်အရေး(၈) ချက်နှင့်တိုင်ကြားနိုင်သည့်နည်းလမ်းများ၊ ပိုစတာများအား စားသုံးသူပြည်သူများသိသာမြင်သာသည့် နေရာများတွင် ချိတ်ဆွဲထားရှိပါကြောင်း၊  တက်ရောက်လာကြသည့် ကျောင်းသား/သူများမှ စားသုံးသူကာကွယ်ပေးရေးဗဟုသုတနှင့်သက်ဆိုင်သည့် ဉာဏ်စမ်းပဟေဠိ များကို ဖြေဆိုကြပြီး ပြိုင်ပွဲတွင်ဆုရရှိကြသည့်သူများအား လူမှုရေးရာဝန်ကြီး၊ ဦးယဉ်ထွေးက ဂုဏ်ပြုလက်ဆောင်ချီးမြှင့်၍ အခမ်းအနားကို (၁၁:၅၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

     အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မန္တလေးတိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ကျောင်းသား/သူများ၊ စီးပွားရေးလုပ်ငန်း ရှင်/အသင်းအဖွဲ့များ၊ စုစုပေါင်း ဧည့်သည်တော်(၇၀) ဦးတက်ရောက်ခဲ့ကြပါကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)