၂၀၂၃ခုနှစ်၊ မတ်လ ဒုတိယပတ်အတွင်း ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကျိုင်းတုံမြို့ရှိ အခြေခံစားသောက်ကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်းမွှေးတစ်ပြည်လျှင် ၅၀၀၀ကျပ်၊ ဧည့်မထ(ဒေသ)(ဆန်)တစ်ပြည်လျှင် ၃၀၀၀ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိပါသည်။ စားဖိုဆောင်စားသောက်ကုန်များအနေဖြင့် ကြက်သွန်နီတစ်ပိဿာလျှင် ၂၀၀၀ကျပ်၊ ကြက်သွန်ဖြူ(ကြူကုတ်)တစ်ပိဿာလျှင် ၅၀၀၀ကျပ်၊ ကြက်သွန်ဖြူ(ရှမ်းစ)တစ်ပိဿာလျှင် ၈၀၀၀ကျပ်၊ ငရုတ်သီးခြောက် (ရှည်)တစ်ပိဿာလျှင် ၁၆၀၀၀ကျပ်၊ ခရမ်းချဉ်သီးတစ်ပိဿာလျှင် ၂၅၀၀ကျပ်၊ အာလူးတစ်ပိဿာလျှင် ၂၅၀၀ကျပ်၊ မန်ကျည်းသီးမှည့်တစ်ပိဿာလျှင် ၃၀၀၀ကျပ်နှင့် ချင်းတစ်ပိဿာလျှင် ၁၅၀၀ကျပ် စသည်ဖြင့် ရောင်းဝယ်လျက်ရှိပါသည်။
ကျိုင်းတုံမြို့တွင် မတ်လ ဒုတိယပတ်၌ စားသုံးဆီဈေးနှုန်းများအနေဖြင့် စားအုန်းဆီတစ်ပိဿာလျှင် ၇၀၀၀ကျပ်နှင့် ပဲဆီ(ရိုးရိုး)တစ်ပိဿာလျှင် ၁၆၀၀၀ကျပ်၊ ကြက်ဥဈေးမှာ တစ်လုံးလျှင် ၂၄၀ကျပ်နှင့် ဘဲဥတစ်လုံးလျှင် ၃၅၀ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိပါသည်။ အသားငါးဈေးနှုန်းများမှာ ကြက်သား (CP) တစ်ပိဿာလျှင် ၁၂၀၀၀ကျပ်၊ ဝက်သားတစ်ပိဿာလျှင် ၂၂၀၀၀ကျပ်၊ အမဲသားတစ်ပိဿာလျှင် ၂၄၀၀၀ကျပ်၊ ငါးကြင်းတစ်ပိဿာလျှင် ၁၂၀၀၀ကျပ်နှင့် ငါးမြစ်ချင်းတစ်ပိဿာလျှင် ၁၀၀၀၀ကျပ်ဈေးနှုန်းများဖြင့် ရောင်းဝယ်လျက်ရှိကြောင်း သိရှိရပါသည်။
ကျိုင်းတုံမြို့ရှိ အခြေခံစားသောက်ကုန်ဈေးနှုန်းများသည် ယခင်ဖေဖော်ဝါရီလ ဒုတိယပတ်နှင့်နှိုင်းယှဉ်ပါက ရွှေဘိုပေါ်ဆန်းမွှေး(သိင်္ဂီ)၊ ဧည့်မထ(ဒေသဆန်)၊ ကြက်သွန်ဖြူ(ရှမ်းစ)၊ စားအုန်းဆီ၊ ကြက်ဥ၊ ဘဲဥ၊ ကြက်သား၊ ဝက်သား၊ ငါးကြင်းနှင့် ငါးမြစ်ချင်းဈေးနှုန်းတို့မှာ အနည်းငယ်မြင့်တက်လာပြီး ကြက်သွန်နီ၊ ခရမ်းချဉ်သီး၊ ငရုတ်သီးခြောက်(ရှည်)၊ အားလူးနှင့် ချင်းတို့မှာ ဈေးနှုန်းအနည်းငယ်ကျဆင်း၍ ကျန်အခြေခံစားသောက်ကုန်ဈေးနှုန်းများမှာ တည်ငြိမ်လျက်ရှိပါကြောင်း သတင်းရရှိပါသည်။
DOCA(ရှမ်း)