ဘိုကလေးမြို့(၄)ရပ်ကွက်(၈)လမ်းရှိ Top One စတိုးဆိုင်သို့ ရောင်းချသောကုန်စည် များအပေါ် ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

    ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းတို့သည်  ၂၀၂၃ခုနှစ်၊  မတ်လ(၁၀)ရက်နေ့၊  နံနက်(၁၀:၃၀) နာရီအချိန်တွင် (၄)ရပ်ကွက်၊  (၈)လမ်းရှိ  Top One စတိုးဆိုင်သို့ ကွင်းဆင်းစိစစ်ခဲ့ပါသည်။

    ထို့သို့ကွင်းဆင်းစိစစ်ရာတွင် ဆောင်ရွက်ရာတွင် ဈေးကွက်အတွင်း ရောင်းချနေသောကုန်စည်နှင့် ဝန်ဆောင်မှုများတွင် အခန်း(၁၈)ပါ ပုဒ်မ(၄၁)၊ (၄၃)အရ‌ဖော်ပြချက်များအရ ပြည့်စုံစွာဖော်ပြထားသည်ကိုတွေ့ရှိရပြီး အသင့်စားချက်နို့ဆီဘူး (DISKO) တွင်လည်း အမျိုးအမည်၊ အရေအတွက်၊ အသားတင်အမာဏ၊ ထုတ်လုပ်သည့်ကုမ္ပဏီ၏လိပ်စာ၊ ကုန်ဆုံးရက်စွဲ၊ ထားသိုသိမ်းဆည်းမှု၊ ပါဝင်ပစ္စည်း၊ ဓာတ်မတည့်ကြောင်းဖော်ပြချက်စသည့် ပုဒ်မ(၄၁)၊ (၄၃) နှင့်ကိုက်ညီသောအချက်များ စိစစ်တွေ့ရှိရပြီး၊ တရားမဝင်ကုန်စည်များ ရောင်းချခြင်းမပြုရန်နှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံသော  ကုန်စည်များကိုသာ ဝယ်ယူတင်သွင်းရောင်းချကြရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)