မြိတ်မြို့ရှိ အိမ်သုံးလျှပ်စစ်ပစ္စည်း အရောင်းဆိုင်သို့ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းစစ်ဆေး

Powered by Drupal

       တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ၂၀၂၃ခုနှစ်၊ မတ်လ(၁၄)ရက်နေ့၊ နံနက်(၁၀း၃၀)နာရီ အချိန်တွင် မြိတ်မြို့ပေါ်ရှိ အိမ်သုံးလျှပ်စစ်ပစ္စည်းအရောင်းဆိုင်သို့ သွားရောက်၍ သုံးစွဲသူများ ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ရည်ရွယ်၍ အိမ်သုံးလျှပ်စစ် ကုန် ပစ္စည်းများကို ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

   ကွင်းဆင်းစစ်ဆေးရာတွင် သုံးစွဲသူများအသုံးပြုရန် (သို့မဟုတ်) သုံးစွဲရန်အာမခံချက်မရှိသော ကုန်စည်များအား စျေးကွက်အတွင်းရောင်းချမှုမရှိစေရေး၊ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာဆောင်ရွက်ရမည့်တာဝန်များနှင့် မြန်မာဘာသာဖြင့် ကုန် အညွှန်းအမှတ်အသားဖော်ပြပါရှိသော ကုန်ပစ္စည်းများအား ရောင်းချမှုရှိစေရေးပြောကြားခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

DOCA(တနင်္သာရီ)