အောင်လံကုန်စည်ဒိုင်တွင် သီးနှံရောင်းဝယ်မှုအနေဖြင့် နှမ်းဈေးကွက်တွင် နှမ်းနက်(စမုံ) (၄၅)ပိဿာဝင်(၁)အိတ်လျှင် ယခင်အပတ်(၈.၃.၂၀၂၃)ရက်နေ့တွင် ကျပ်(၂၅၀၀၀၀)ဖြစ်ပြီး ယခုအပတ် (၁၄.၃.၂၀၂၃) ရက်နေ့တွင်လည်း ကျပ် (၂၅၀၀၀၀)၊ နှမ်းပြာ ယခင်အပတ်တွင် ကျပ်(၂၃၀၀၀၀)ဖြစ်ပြီး ယခုအပတ်တွင်လည်း ကျပ်(၂၃၀၀၀၀)၊ နှမ်းဖြူ ယခင်အပတ်တွင် ကျပ်(၂၆၀၀၀၀)ဖြစ်ပြီး ယခုအပတ်တွင်လည်း ကျပ်(၂၆၀၀၀၀)ဖြစ်၍ ဈေးနှုန်း ပြောင်းလဲမှုမရှိဘဲ နှမ်းနီမှာ ယခင်အပတ်တွင် ကျပ် (၂၅၀၀၀၀) ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၂၆၀၀၀၀) ဖြစ်၍ ကျပ်(၁၀၀၀၀)ဈေးမြင့်ခဲ့ပါသည်။ အရောင်းအဝယ်ပမဏအနေဖြင့် (၄၅) ပိဿာဝင်အိတ်ဖြင့် နှမ်းနက်(စမုံ) (၇၅၀)အိတ်၊ နှမ်းပြာ(၁၂၀)အိတ်၊ နှမ်းဖြူ (၆၀)အိတ်နှင့် နှမ်းနီ (၉၀)အိတ်တို့ အရောင်းအဝယ်ရှိခဲ့ကြောင်း ကုန်သည်များထံမှ သိရှိရပါသည်။
ပဲမျိုးစုံဈေးကွက်တွင် ပဲစဉ်းငုံ(နီ) (၂၀)ပိဿာ(၁)တင်းလျှင် ယခင်အပတ်တွင် ကျပ်(၆၉၀၀၀) ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၇၀၂၀၀) ဖြစ်၍ ကျပ်(၁၂၀၀) ဈေးမြင့်ခဲ့ကြောင်း၊ မတ်ပဲ ယခင်အပတ်တွင် ကျပ်(၅၉၅၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၆၂၀၀၀)ဖြစ်၍ ကျပ်(၂၅၀၀)ဈေးမြင့်ခဲ့ကြောင်း၊ ကုလားပဲ(HL) ယခင်အပတ်တွင် ကျပ်(၆၇၀၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၇၁၅၀၀)ဖြစ်၍ ကျပ်(၄၅၀၀) ဈေးမြင့်ခဲ့ ကြောင်း၊ ကုလားပဲ (မြကြေး) ယခင်အပတ်တွင် ကျပ်(၆၇၀၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၇၁၅၀၀) ဖြစ်၍ ကျပ်(၄၅၀၀) ဈေးမြင့်ခဲ့ကြောင်း၊ ပဲကြီး ယခင်အပတ် တွင် ကျပ်(၈၀၅၀၀) ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၈၁၀၀၀)ဖြစ်၍ ကျပ်(၅၀၀)အသီးသီးဈေးမြင့်ခဲ့ပါသည်။ ဘိုကိတ်ပြာမှာ ယခင်အပတ်တွင် ကျပ်(၄၅၀၀၀) ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၄၄၀၀၀)ဖြစ်၍ ကျပ်(၁၀၀၀) ဈေးလျော့ခဲ့ပြီး အရောင်းအဝယ်ပမာဏအနေဖြင့် (၃၀) ပိဿာဝင်အိတ်ဖြင့် ပဲစဉ်းငုံ(နီ) (၁၇၅၀) အိတ်၊ မတ်ပဲ(၁၈၀) အိတ်၊ ကုလားပဲ(HL) (၁၅၀၀) အိတ်၊ ကုလားပဲ(မြကြေး) (၁၄၀၀)အိတ်၊ ဘိုကိတ်ပြာ(၁၂၀)အိတ်နှင့် ပဲကြီး(၄၅၀)အိတ်တို့ အရောင်းအဝယ်ရှိခဲ့ကြောင်း သိရှိရပါသည်။
မြေပဲလုံးဆံ(နီ)မှာ တစ်ပိဿာလျှင် ယခင်အပတ်တွင် ကျပ်(၇၂၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၇၀၀၀)ဖြစ်၍ ကျပ်(၂၀၀)ဈေးလျော့ခဲ့ကြောင်း၊ မြေပဲလုံးဆံ(ဖြူ) ယခင်အပတ်တွင် ကျပ်(၆၁၀၀) ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၅၉၀၀)ဖြစ်၍ ကျပ်(၂၀၀)အသီးသီးဈေးလျော့ခဲ့ပါသည်။ မြေပဲတောင့်အစိုမှာ (၁)တင်းလျှင် ယခင်အပတ်တွင် ကျပ်(၂၂၀၀၀)ဖြစ်ပြီး ယခုအပတ်တွင်လည်း ကျပ်(၂၂၀၀၀)ဖြစ်၍ ဈေးနှုန်း ပြောင်းလဲမှုမရှိဘဲ အရောင်းအဝယ်ပမာဏအနေဖြင့်(၃၀)ပိဿာဝင် အိတ်ဖြင့် မြေပဲလုံးဆံ(နီ) (၂၀၀) အိတ်၊ မြေပဲလုံးဆံ(ဖြူ)(၄၅၀)အိတ်နှင့် မြေပဲတောင့်အစိုတင်း(၃၆၀၀) အရောင်းအဝယ်ရှိခဲ့ကြောင်းသိရှိခဲ့ ရပါသည်။
ဝါသီးနှံဈေးကွက်မှာလည်း (၁)ပိဿာလျှင် ယခင်အပတ်တွင်ကျပ်(၃၂၀၀)ဖြစ်ပြီး ယခုအပတ်တွင်လည်း ကျပ်(၃၂၀၀)ဖြစ်၍ ဈေးနှုန်းပြောင်းလဲမှုမရှိဘဲ ဝါပိဿာချိန်(၂၅၀၀၀)ခန့် အရောင်းအဝယ်ရှိခဲ့ပါကြောင်း၊ နှမ်း၊ ပဲမျိုးစုံနှင့် ဝါသီးနှံတို့အား မန္တလေးမြို့သို့တင်ပို့ရောင်းချလျက်ရှိပြီး ဘိုကိတ်ပြာ သီးနှံအား ရန်ကုန်မြို့သို့ တင်ပို့ရပါကြောင်း အောင်လံကုန်စည်ဒိုင်မှ သိရှိရပါသည်။
DOCA(မကွေး)