တမူးနယ်စပ်ကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွက် ကုန်သွယ်မှုလျာထားချက်မှာပို့ကုန်ပမာဏ အမေရိကန်ဒေါ်လာသန်းပေါင်း(၇၀.၀၀၀)၊ သွင်းကုန်ပမာဏ အမေရိကန်ဒေါ်လာသန်းပေါင်း(၃.၀၀၀)၊ စုစုပေါင်းကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာသန်းပေါင်း (၇၃.၀၀၀) ဖြစ်ပါသည်။ တမူးနယ်စပ်ကုန်သွယ်ရေးစခန်းမှ အိန္ဒိယနိုင်ငံသို့ ကုန်သွယ်မှုအနေဖြင့် ၂၀၂၂ ခုနှစ်၊ ဧပြီလမှ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလအထိ (၁၁)လ ကာလအတွင်း ပို့ကုန်ပမာဏ အမေရိကန်ဒေါ်လာသန်း(၉.၃၃၃)၊ သွင်းကုန်ပမာဏအမေရိကန်ဒေါ်လာသန်း(၅.၄၂၆)၊ စုစုပေါင်းကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာသန်း(၁၄.၇၅၉) ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ (၁)နှစ်စာလျာထားချက်အပေါ် (၂၀.၂၁၈)% ဆောင်ရွက်နိုင်ခဲ့ပြီး၊ ၂၀၂၂ ခုနှစ်၊ ဧပြီလမှ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလအထိ (၁၁)လတာ လျာထားချက်အပေါ် (၂၃.၀၆၁)% ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ကြောင်း တမူးနယ်စပ်ကုန်သွယ်ရေးစခန်း၏ စာရင်းများအရ သိရပါသည်။
ပို့ကုန်အနေဖြင့် (၂၅.၂.၂၀၂၃) ရက်နေ့မှ (၃.၃.၂၀၂၃)ရက်နေ့အထိ တင်ပို့နိုင်မှု မရှိသော်လည်း (၄.၃.၂၀၂၃)ရက်နေ့မှ (၁၀.၃.၂၀၂၃)ရက်နေ့အထိ စီးကရက်တန်ချိန်အားဖြင့် (၆၁.၃၁၂)တန်၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာသန်း(၀.၁၃၁) တင်ပို့နိုင်ပါကြောင်း၊ သွင်းကုန်အနေဖြင့် (၂၅.၂.၂၀၂၃)ရက်နေ့မှ (၃.၃.၂၀၂၃)ရက်နေ့အထိ ဓါတ်မြေဩဇာ တန်ချိန်အားဖြင့် (၄၀၀.၀၀၀)တန်၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာသန်း (၀.၁၆၈) တင်သွင်းနိုင်ခဲ့ပြီး၊ (၄.၃.၂၀၂၃)ရက်နေ့မှ (၁၀.၃.၂၀၂၃)ရက်နေ့အထိ ဓါတ်မြေဩဇာ တန်ချိန်အားဖြင့် (၃၀၀.၀၀၀)တန်၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာသန်း (၀.၁၂၀) တင်သွင်းနိုင်ခဲ့သည့်အတွက် ပို့ကုန်အနေဖြင့် ယခင်အပတ်ထက် အမေရိကန်ဒေါ်လာသန်း(၀.၁၃၁) ပိုမိုတင်ပို့နိုင်ခဲ့ပြီး၊ သွင်းကုန်အနေဖြင့် ယခင်အပတ်ထက် အမေရိကန်ဒေါ်လာသန်း(၀.၀၄၈) လျော့နည်းတင်သွင်းနိုင်ခဲ့ပါကြောင်း တမူးကုန်သွယ်ရေးစခန်းမှ လေ့လာသိရှိရပါသည်။
တင်မာဝေ(မုံရွာ)