တောင်ငူမြို့တွင် စားအုန်းဆီဈေးအနည်းငယ်ကျပြီး အခြားအခြေခံစားသောက်ကုန်များ ဈေးနှုန်းတည်ငြိမ်လျက်ရှိ

Powered by Drupal

  တောင်ငူမြို့ရှိ ဆန်ပွဲရုံများတွင် ရွှေဘိုပေါ်ဆန်း(အသစ်)တစ်အိတ်လျှင် ၈၂၀၀၀ကျပ်၊ ဖျာပုံပေါ်ဆန်း(အသစ်)တစ်အိတ်လျှင် ၇၈၀၀၀ကျပ်၊ ဒေသပေါ်ဆန်း(အသစ်)တစ်အိတ်လျှင် ၇၂၀၀၀ကျပ်နှင့် ဧည့်မထဆန်သစ်(ထိပ်စ)တစ်အိတ်လျှင် ၅၇၀၀၀ကျပ်ဖြင့် ယခင်အပတ်ကအတိုင်း ဈေးနှုန်းတည်ငြိမ်လျက်ရှိပါသည်။

       မြေပဲဆီမှာ ယခင်အပတ်ကအတိုင်း တစ်ပိဿာလျှင် ၁၅၀၀၀ကျပ်နှုန်းဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး စားအုန်းဆီမှာ ယခင်အပတ်က တစ်ပိဿာလျှင် ၇၂၀၀ ကျပ်မှ ၇၅၀၀ ကျပ်ထိဈေးတက်ခဲ့ပြီး ယခုအပတ်တွင် တစ်ပိဿာလျှင် ၇၂၀၀ကျပ်မှ ၇၀၀၀ကျပ်ထိ ဈေးကျခဲ့ပါသည်။

       ကြက်သွန်နီအသေးတစ်ပိဿာလျှင် ၁၂၀၀ကျပ်၊ အလတ်တစ်ပိဿာလျှင် ၁၅၀၀ကျပ်နှင့် အကြီးတစ်ပိဿာလျှင် ၁၈၀၀ကျပ်ရှိပါသည်။ တရုတ်ကြက်သွန်အနီတစ်ပိဿာလျှင် ၂၅၀၀ကျပ်ရှိပါသည်။ ကြက်သွန်ဖြူအသေးတစ်ပိဿာလျှင် ၄၂၀၀ကျပ်၊ အလတ်တစ်ပိဿာလျှင် ၅၄၀၀ကျပ်နှင့်  အကြီးတစ်ပိဿာလျှင် ၅၀၀၀ကျပ်ရှိပါသည်။ တရုတ်ကြက်သွန်ဖြူမှာ တစ်ပိဿာလျှင် ၅၀၀၀ကျပ်ရှိပါသည်။

     အာလူးအသေးတစ်ပိဿာလျှင် ၂၀၀၀ကျပ်၊ အလတ်တစ်ပိဿာလျှင် ၂၄၀၀ကျပ်နှင့် အကြီးတစ်ပိဿာလျှင် ၂၈၀၀ကျပ်ရှိပါသည်။ တရုတ်အာလူးတစ်ပိဿာလျှင် ၃၂၀၀ကျပ်ရှိပါသည်။ ငရုတ်သီးအပုတစ်ပိဿာလျှင် ၁၈၀၀၀ကျပ်မှ ၂၀၀၀၀ကျပ်ထိ၊ အရှည်တစ်ပိဿာလျှင် ၁၇၀၀၀ကျပ်မှ ၁၉၀၀၀ကျပ်ထိနှင့် ငရုတ်သီးပွတစ်ပိဿာလျှင် ၂၃၀၀၀ကျပ်မှ ၂၅၀၀၀ကျပ်ထိရှိပါသည်။ စားအုန်းဆီဈေးအနည်းငယ်ကျဆင်းပြီး အခြားအခြေခံစားသောက်ကုန်များဈေးနှုန်းများမှာ တည်ငြိမ်လျက်ရှိပါကြောင်းနှင့် အရောင်းအဝယ်မှာလည်း ပုံမှန်အတိုင်းရှိပါကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)