စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြော

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦးသည် ၁၇.၃.၂၀၂၃ ရက်နေ့တွင် ဗန်းမော်မြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့ မြို့‌တော်ခန်းမ၌ စားသုံးသူ ကာကွယ်ရေးအား အသိပညာပေးဟောပြောခဲ့ပါသည်။

      အဆိုပါအသိပညာပေးဟောပြောပွဲတွင် ခရိုင်ဦးစီးမှူးက စားသုံးသူကာကွယ်ရေးဥပ‌ဒေဖြစ်ပေါ်လာပုံ၊ စားသုံးသူရေးရာဦးစီးဌာန၏ရည်မှန်းချက်၊ မျှော်မှန်းချက်များကို ရှင်းလင်းဆွေးနွေးကာ ၂၀၁၉ခုနှစ် မတ်လ(၁၅) ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၉။ ဖြင့်ပြဋ္ဌာန်းခဲ့သည့် စာသုံးသူကာကွယ်ရေး ဥပ‌ဒေပါပြဋ္ဌာန်းချက်များအရ စားသုံးသူအခွင့်အရေးများဖြစ်သည့် စားသုံးသူများအတွက် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အခြေခံလိုအပ်ချက်များပေါ်တွင် စိတ်ကျေနပ်မှုရရှိစေခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ဘေးအန္တရာယ်ကင်းရှင်းစွာအသုံးပြုခွင့်ရှိခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကိုရွေးချယ်ဝယ်ယူ အသုံးပြုရာတွင် လိုအပ်သောသတင်းအချက်အလက်များ ပြည့်စုံမှန်ကန်စွာသိရှိခွင့်နှင့် ပြေစာ သို့မဟုတ် အထောက်အထားရယူခွင့်ရှိခြင်း၊ စားသုံးသူနစ်နာ ဆုံးရှုံးမှုနှင့်စပ်လျဉ်းသည့်ကိစ္စရပ်များတွင် ရှင်းလင်းတင်ပြခွင့်နှင့်တိုင်ကြားခွင့်ရရှိနိုင်စေခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ဝယ်ယူအသုံးပြုခြင်းကြောင့်ဖြစ်ပေါ်လာသည့် နစ်နာဆုံးရှုံးများနှင့်စပ်လျဉ်း၍ ကုစားခွင့်ရရှိခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်းသည့် အသိပညာဗဟုသုတများ၊ အခွင့်အရေးများနှင့်လိုအပ်သောသတင်းအချက်အလက်များကို သိရှိလေ့လာနိုင်ခွင့်ရှိခြင်း၊ ပစ္စုပ္ပန်တွင် သာမက အနာဂတ်မျိုးဆက်များအတွက်ပါ ကောင်းမွန်သာယာသော လူနေမှုအဆင့်အတန်းနှင့် ပတ်ဝန်းကျင်တွင်နေထိုင်နိုင်ခွင့်ရရှိစေခြင်း စသည့်အချက်များအား အသိပညာပေးဟောပြောဆွေးနွေးခဲ့ပြီး ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ဝယ်ယူအသုံးပြုခြင်းကြောင့် နစ်နာဆုံးရှုံးမှုများရှိပါက ခရိုင်စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံ‌ဆောင်ရွက်ရေးစင်တာ (CICC) သို့လည်းကောင်း၊ Call Center ၁၅၃၅ သို့လည်းကောင်း၊ Website မှတစ်ဆင့်လည်း တိုင်ကြားနိုင်ပါကြောင်း အသိပညာပေးဟောပြောခဲ့ပါသည်။

DOCA(ကချင်)