ဆေးဝါးမှတ်ပုံတင်မဲ့ Parbisure အမည်ရှိ ဆေးဝါးအား ဈေးကွက်အတွင်း ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

   ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန မင်းပြားမြို့နယ်တာဝန်ခံ ဦးမောင်သန်းဝင်း(ဒု-ဦးစီးမှူး)နှင့် ဝန်ထမ်းများသည် (၁၈-၃-၂၀၂၃) ရက်နေ့၊ နံနက် (၉:၃၀) နာရီ အချိန်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့တို့ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် မင်းပြားမြို့ မြို့မဈေးအတွင်းရှိ ဆေးဝါးအရောင်းဆိုင်များသို့ သွားရောက်၍ ဈေးကွက်အတွင်း ဆေးဝါးမှတ်ပုံတင်မဲ့ Parbisure အမည်ရှိ ဆေးဝါးရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ပါသည်။

      ၎င်း Parbisure အမည်ရှိဆေးဝါးသည် ဂျာမနီနိုင်ငံထုတ် Parbisure IV/HV Injection အကြောအားဆေးနှင့်တူ၍ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ DRC No. မပါရှိသည့် အတွက် စံချိန်စံညွှန်းစစ်ဆေးမှုခံယူထားခြင်းမရှိသည့် ၎င်းဆေးဝါးအား သုံးစွဲသူမိဘပြည်သူများ အနေဖြင့် များစွာထိခိုက်နစ်နာမှုများကြုံတွေ့ရနိုင်၍ ဈေးကွက်အတွင်း ရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရခြင်းဖြစ်ပြီး ထိုသို့ ကွင်းဆင်း စစ်ဆေးဆောင်ရွက်ရာတွင်     မင်းပြားမြို့တွင်း ဆေးဆိုင်များတွင် ၎င်းဆေးဝါးအား ရောင်းချမှုမရှိကြောင်းစိစစ်တွေ့ရှိရသည်။

  ဆေးဝါးရောင်းချသည့် လုပ်ငန်းရှင်များအား FDA ထောက်ခံချက်မရှိသော၊ အရည်အသွေးနှင့် အာမခံချက်မရှိသော တရားမဝင်ဆေးဝါးများ ရောင်းချခြင်းမပြုရန်၊ အတုအပသတိပြု မှာယူရောင်းချကြရန်၊ စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)ပါ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များနှင့် ကုန်အညွှန်းအမှတ်အသားဆိုင်ရာလိုက်နာဆောင်ရွက်ရမည့်အချက်များအား အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(ရခိုင်)