ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်တွင် ၂၀၂၂ခုနှစ်၊ အောက်တိုဘာလ မိုးစပါးစပေါ်ချိန်မှစ၍ ရောင်းဝယ်နေသောမှော်ဘီစပါးဈေးမှာ တင်း(၁၀၀)လျှင် (၁၁၀၀၀၀၀ ) ကျပ်နှင့် ကရင်မစပါးဈေးမှာ တင်း(၁၀၀)လျှင် (၉၈၀၀၀၀) ကျပ်၊ မှော်ဘီဆန် (၁၀၈) ပေါင်ပါ တစ်အိတ်လျှင် (၄၈၀၀၀) ကျပ်၊ ကရင်မဆန်တစ်အိတ်လျှင် (၄၃၀၀၀) ကျပ်ဖြင့် အရောင်းအဝယ်ရှိပြီး နိုဝင်ဘာလ၌ မှော်ဘီတင်း(၁၀၀)လျှင် (၁၂၉၀၀၀၀) ကျပ်၊ ကရင်မစပါးတင်း(၁၀၀)လျှင် (၁၂၀၀၀၀၀) ကျပ်၊ မှော်ဘီဆန်တစ်အိတ်လျှင် (၅၂၀၀၀) ကျပ်၊ ကရင်မဆန်အလတ်စတစ်အိတ်လျှင် (၄၅၀၀၀) ကျပ်နှင့် ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလထိ ဈေးငြိမ်နေခဲ့ရာမှ ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလတွင် မှော်ဘီစပါးဈေးမှာ (၁၅) သိန်းကျပ်၊ ကရင်မစပါးမှာ (၁၄) သိန်းကျပ်၊ မှော်ဘီဆန်တစ်အိတ်လျှင် (၅၈၀၀၀) ကျပ်၊ ကရင်မဆန်တစ်အိတ်လျှင် (၅၀၀၀၀) ကျပ်ဖြင့် ဈေးများမြင့်တက်လာခဲ့ပါသည်။ ယခုနှစ်တွင် မိုးစပါးများမှာ သွင်းအားစုများ ဈေးမြင့်လာသည့်အတွက် သွင်းအားစုအနည်းငယ်သာသုံးစွဲခဲ့သောကြောင့် စပါးမှာ အထွက်နှုန်းနည်းသည့်အတွက်ကြောင့်လည်းကောင်း၊ နွေစပါးများထွက်ပေါ်မှုမရှိသေးသည့်အတွက်ကြောင့်လည်းကောင်း၊ စပါးဈေးမှာ အမြင့်ဈေးဖြင့် ဈေးငြိမ်နေခြင်းဖြစ်ကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)