မတ်လတတိယပတ်အတွင်းရှိ စပျစ်သီးဈေးနှုန်း

Powered by Drupal

       ကယားပြည်နယ် သစ်သီးဝလံဈေးကွက်တွင် ဝင်ရောက်လာသော စပျစ်သီးကို လွိုင်ကော်မြို့ ၊သီရိမင်္ဂလာဈေးတွင်လည်းကောင်း၊ ပျံကျဈေးတို့တွင်လည်းကောင်း များစွာရောင်းချလျက်ရှိပါသည်။

      စပျစ်သီးမှာ ကျောက်ပန်းတောင်းမြို့၊ မိတ္ထီလာ၊ ပျော်ဘွယ်၊ ရမည်းသင်းမြို့များမှ ဝင်ရောက်လျက်ရှိပါကြောင်း၊ ယခု ၂၀၂၃ ခုနှစ်၊မတ်လ(တတိယပတ်)အတွင်း၌ ဈေးကွက်အတွင်း ဖြစ်ပေါ်နေသော စပျစ်သီးဈေးနှုန်းမှာ အညိုရောင်လုံး (ဝိုင်း) တစ်ပိဿာလျှင် ကျပ် (၁၃၀၀၀) ၊အညိုရောင်လုံး (ချွန်) တစ်ပိဿာလျှင် ကျပ် (၁၅၀၀၀)ကျပ်ဖြင့်ရောင်းချလျက်ရှိပါကြောင်း၊ ယခင်ဖေဖော်ဝါရီလ(တတိယပတ်)တွင် ဈေးကွက်အတွင်းရောင်းချနေသော စပျစ်သီးဈေးနှုန်းမှာ အညိုရောင်လုံး (ဝိုင်း) တစ်ပိဿာလျှင် ကျပ် (၁၆၀၀၀) ၊အညိုရောင်လုံး (ချွန်) တစ်ပိဿာလျှင် ကျပ် (၁၈၀၀၀)ဖြစ်ပါကြောင်း၊ ယခင်လနှင့် ယခုလ ဈေးနှုန်းနှိုင်းယှဉ်လျှင်(ဝိုင်း) တစ်ပိဿာလျှင် ကျပ် (၃၀၀၀)၊(ချွန်) တစ်ပိဿာလျှင် ကျပ် (၃၀၀၀) ခန့်  ဈေးနှုန်းကျဆင်းလာကြောင်း၊ ယခုအချိန်အခါသည် စပျစ်သီးများပေါ်သောအချိန်ဖြစ်သည့်အတွက် ဈေးကွက်အတွင်း စပျစ်သီးများစွာဝင်ရောက်လာသောကြောင့် ဈေးနှုန်းကျဆင်း ရခြင်းဖြစ်သည်ဟု နောင်ယားဈေးအတွင်းရှိ သစ်သီးဝလံရောင်းသူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(ကယား)