ပေါက်ခေါင်းမြို့နယ်တွင် ဆောင်းကြက်သွန်နီများ စိုက်ပျိုးပြီးစီး

Powered by Drupal

     ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ လေးကြီးကျေးရွာအုပ်စု၊ လေးကြီးကျေးရွာတွင် နတ်တော်  လနှင့် ပြာသိုလတို့တွင် ကြက်သွန်နီများစိုက်ပျိုးထားရှိပြီးဖြစ်၍ စိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ်နှင့် အကျိုးအမြတ်တို့အား သိရှိနိုင်ပါရန် ကွင်းဆင်းလေ့လာခဲ့ပါသည်။

    စားသုံးသူရေးရာဦးစီးဌာန၊ ပေါက်ခေါင်းမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၁၃-၃-၂၀၂၃) နေ့၊ နံနက်ပိုင်းတွင် လေးကြီးအုပ်စု၊ လေးကြီးကျေးရွာသို့သွားရောက်၍ ဆောင်းကြက်သွန်နီစိုက်ပျိုးသော တောင်သူဒေါ်ခင်ပြုံးနှင့်တွေ့ဆုံ၍ မေးမြန်းဆွေးနွေးရာ ၎င်းက ကြက်သွန်နီကို (၀.၂၅) ဧကစိုက်ပျိုးထားပြီး၊ ကုန်ကျစရိတ်အနေဖြင့် (၁၁၅၀၀၀) ကျပ်ခန့်ကုန်ကျသည်ဟု သိရှိရပါသည်။ ကြက်သွန်နီကို စိုက်ပျိုးပြီး (၄) လအကြာ တပေါင်းလနှင့် တန်ခူးလတို့တွင် စတင်နုတ်ယူရမည်ဟု သိရှိရပါသည်။ ကြက်သွန်နီဈေးနှုန်းများအနေဖြင့် ယခင်ကြက်သွန်နီအသစ်များ မပေါ်ခင်အချိန်တွင် တစ်ပိဿာလျှင် (၃၅၀၀-၄၀၀၀) ကျပ်ထိ ဈေးများမြင့်တက်လာခဲ့ပြီး၊ ယခုအချိန်တွင် အချို့တိုင်းဒေသကြီး၊ မြို့နယ်များမှ ကြက်သွန်နီအသစ်များ စတင်ထွက်ပေါ်လာပြီဖြစ်သဖြင့် ကြက်သွန်နီဈေးမှာ တစ်ပိဿာလျှင် (၁၅၀၀) ကျပ်ထိ ဈေးနှုန်းများကျဆင်းလာခဲ့ကြောင်း သိရှိရပါသည်။

   ဆောင်းကြက်သွန်နီသစ်များထွက်ပေါ်ချိန်တွင် အထွက်နှုန်းကောင်းပြီး သင့်တင့်သောဈေးနှုန်းဖြစ်လျှင် စားသုံးသူများလည်းစားသုံးနိုင်သည့်အပြင် ကြက်သွန်နီစိုက်ပျိုးသော တောင်သူများအနေဖြင့်လည်း သင့်တင့်လျောက်ပတ်သောအကျိုးအမြတ်များ ရရှိနိုင်မည်ဖြစ်ကြောင်း သုံးသပ်လေ့လာ၍ တင်ပြအပ်ပါသည်။

DOCA(ပဲခူး)