ပြည်ကြက်သွန်နီအဝင်များ၍ ဈေးကျ

Powered by Drupal

      ယခုကာလတွင် ပြည်ဈေးကွက်သို့ ကြက်သွန်နီကိုအဓိကစိုက်ပျိုးရာ တောင်တွင်း၊ ရေနံချောင်း၊ ဆိပ်ဖြူဘက်မှ ကြက်သွန်နီများ နေ့စဉ်အိတ် (၂၀၀) အိတ်ခန့်အဝင်ရှိသဖြင့် ယခင်ကာလများထက် အဝင်များနေပါသည်။ အဝင်များသည့်အတွက် ယခု ၂၀၂၃ခုနှစ်၊ မတ်လဈေးနှုန်းနှင့် ယခင်ဖေဖော်ဝါရီလကုန်ပတ်ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ရာ တစ်ပိဿာလျှင် ပျမ်းမျှအားဖြင့် ကျပ် (၃၀၀)ခန့်ကျဆင်းသွားပါသည်။ ပြည်ဈေးကွက်အတွင်း အိတ်ဆွဲဝယ်ရောင်းသမားများနှင့် ဒေသတွင်းလက်လီဝယ်လက်သမားများသည် ပန်းတောင်း း(ဥသျှစ်ပင်)၊ သာယာဝတီခရိုင်၊ ရခိုင်ပြည်နယ်(တောင်ကုတ်)၊ ဧရာဝတီ(ကြံခင်း) စသော နယ်ကျော်စီးဆင်းမှုများအပါအဝင် နေ့စဉ်ဝင်ရောက်မှု၏ထက်ဝက်ကျော်ခန့်  အရောင်းအဝယ်များပြုလုပ်လျက်ရှိပါသည်။ ယခုကာလ၌ ဈေးနှုန်းများကျဆင်းသည့်အတွက် အရောင်း အဝယ်သွက်လျက်ရှိပြီး ပွဲရုံလက်ကားဈေး(ကြီး/လတ်/သေး)တစ်ပိဿာလျှင်း ကျပ် (၉၀၀/၁၀၀၀/၁၁၀၀) နှုန်း၊ လက်လီဈေးအသေးများတွင် (၁၂၀၀/၁၃၀၀/၁၄၀၀)ကျပ်တို့ဖြင့် အသီးသီးရောင်းဝယ်မှုရှိနေကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)