စျေးကွက်အတွင်း ဓာတ်မြေသြဇာစျေးနှုန်းကျဆင်းလျက်ရှိ

Powered by Drupal

     မန္တလေးတိုင်း‌ဒေသကြီး၊ မိတ္ထီလာခရိုင်တွင်စိုက်ပျိုးသည့် ဆန်စပါး၊ ပဲမျိုးစုံ၊ ဆီထွက်သီးနှံ၊ စားဖိုဆောင်သီးနှံများတွင်အသုံးပြုသည့် သွင်းအားစုဓါတ်မြေသြဇာစျေးနှုန်းများ စျေးကွက်အနည်းငယ်အေးလျက်ရှိပါသည်။ ယခုမတ်လတွင် စျေးကွက်အတွင်းဖြစ်ပေါ်နေသော ဓာတ်မြေသြဇာစျေးနှုန်းများမှာ ရွှေတောင် (50) kg တစ်အိတ်လျှင် (၇၇၀၀၀) ကျပ်၊ ပုလဲ (50) kg တစ်အိတ်လျှင် (၇၇၀၀၀) ကျပ်၊ အာမို (50) kg တစ်အိတ်လျှင် (၁၂၈၀၀၀) ကျပ်၊ MC (50) kg တစ်အိတ်လျှင် (၁၂၈၀၀၀) ကျပ်၊ ကွန်ပေါင်း (50) kg တစ်အိတ်လျှင် (၁၄၅၀၀၀) ကျပ်၊ ပိုတက် (50) kg တစ်အိတ်လျှင် (၁၄၅၀၀၀) ကျပ်စျေးဖြင့် ရောင်းချလျက်ရှိပြီး ယခင်ဖေဖော်ဝါရီလတွင် ရွှေတောင် (50) kg တစ်အိတ်လျှင် (၈၅၀၀၀) ကျပ်၊ ပုလဲ (50) kg တစ်အိတ်လျှင် (၈၅၀၀၀) ကျပ်၊ အာမို (50) kgတစ်အိတ်လျှင် (၁၄၅၀၀၀) ကျပ်၊ MC (50) kg တစ်အိတ်လျှင် (၁၄၅၀၀၀)ကျပ်၊ ကွန်ပေါင်း (50) kg တစ်အိတ်လျှင် (၁၆၅၀၀၀) ကျပ်၊ ပိုတက် (50) kg တစ်အိတ်လျှင် (၁၆၅၀၀၀) ကျပ်ရှိခဲ့သဖြင့် ယခင်လနှင့်နှိုင်းယှဉ်လျှင် ဓာတ်မြေသြဇာစျေးနှုန်းများကျဆင်းလျက်ရှိပြီးကြောင်း မိတ္ထီလာခရိုင်တွင်း ဓာတ်မြေသြဇာများကို ရန်ကုန်မြို့မှ အဓိကတင်သွင်းရောင်းချကြောင်း “တော်ဝင်”ဓာတ်မြေသြဇာအရောင်းဆိုင်၏ပြောပြချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)