ပြည်မြို့စတော်ဘယ်ရီဈေးကွက်အရောင်းသွက်

Powered by Drupal

     စတော်ဘယ်ရီပင်ကို သမပိုင်းဇုံတွင်လည်းကောင်း၊ အပူပိုင်းဇုံအတွင်း တောင်ကုန်းဒေသများတွင်လည်းကောင်း၊ စိုစွတ်သောမြေမျိုးနှင့် ပင်လယ်ရေမျက်နှာပြင် အမြင့်ပေ (၃၀၀၀) မှ (၆၀၀၀)အတွင်းရှိ မြေမျိုး၌လည်းကောင်း ပေါက်ရောက်နိုင်ကြောင်း သိရပါသည်။ မြန်မာနိုင်ငံတွင် စတော်ဘယ်ရီပင်ကို ရှမ်းပြည်တောင်ပိုင်းနှင့် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့တို့တွင် ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးလျက်ရှိပါသည်။ တောင်ပေါ်ဒေသများတွင် တစ်နိုင်တစ်ပိုင်မှ စီးပွားဖြစ်အထိ စိုက်ပျိုးလျက်ရှိပါသည်။ ယခုအခါပူပြင်းသော ရာသီသို့ရောက်ရှိလာပြီဖြစ်၍ စတော်ဘယ်ရီသီး ဖျော်ရည်များ၊ စတော်ဘယ်ရီကိတ်များ အရောင်းသွက်လာပါသည်။ စတော်ဘယ်ရီသီးများသည် စားလို့တင်အရသာရှိတာမဟုတ်ဘဲ အလှအပရေးရာအတွက်လည်း အလွန်အသုံးဝင်ပါသည်။ စတော်ဘယ်ရီတွင်ပါဝင်သော ellagic acid နှင့် ဓါတ်တိုးဆန့်ကျင် အာနိသင်များပါဝင်သဖြင့် ကိုယ်အလေးချိန်ကို အကောင်းဆုံးထိန်းညှိပေးနိုင်ပါသည်။ စတော်ဘယ်ရီတွင်ပါဝင်သော Salicylic အစ်ဆစ်နဲ့ ellagic အက်ဆစ်တွေဟာ အသားအရောင်မညီညာတာ၊ အရေပြား အစက်အပျောက်များ မဖြစ်အောင်ကာကွယ်ပေးပါသည်။ ဆဲလ်သေများကိုဖယ်ရှားပေးပြီး ချွေးပေါက်ကို ထိန်းညှိပေးပါသည်။ ပြည်မြို့ရှိဈေးကွက်များတွင် စတော်ဘယ်ရီသီးတစ်ပိဿာလျှင် (၈၅၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး စတော်ဘယ်ရီမျိုးမှာ ဂျပန်မျိုးဖြစ်ပါသည်။ ပြည်မြို့တွင် အရောင်းအဝယ်ဖြစ်သည့် စတော်ဘယ်ရီသီးများမှာ ရှမ်းပြည်နယ်မှ အများဆုံးဝယ်ယူ၍ ရောင်းချလျက်ရှိကြောင်း သိရပါသည်။

DOCA(ပဲခူး)