ဆောင်းရာသီ ဒေသထွက် ပဲစိတ်တို

Powered by Drupal

    ဆောင်းရာသီထွက် သီးနှံတစ်မျိုးဖြစ်သည့် ပဲစိတ်တို ပဲကို နတ်တလင်းခရိုင်၊ နတ်တလင်း မြို့နယ်ရှိ ခြံစိုက်တောင်သူများမှ စင်တင်သီးနှံအဖြစ် တစ်ပိုင်တစ်နိုင် စိုက်ပျိုးကြပါသည်။ ပဲစိတ်တို ပဲကို သြဂုတ်လကုန်နှင့် စက်တင်ဘာလဆန်းပိုင်းတို့တွင် စတင်စိုက်ပျိုးကြပြီး ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလတို့တွင် ခူးဆွတ်ရောင်းချကြပါသည်။

   ပဲစိုက်တောင်သူများမှ ပဲစိတ်တိုပဲကို အများအားဖြင့် အစိုခူးဆွတ် ရောင်းချပြီး၊ အခြောက်ထားပြီး ‌ရောင်းချခြင်းများလည်း ရှိပါသည်။ အရသာမှာ နူးအိချိုစိမ့်သော အရသာရှိပြီး ကြော်၍ဖြစ်စေ၊ ချက်ပြုတ်၍ဖြစ်စေ စားသုံးကြပါသည်။ ယခင်နှစ်က ပဲပေါ်ဦးစ အစိုတစ်ပြည်လျှင် လက္ကားစျေး (၅၀၀၀)ကျပ်၊ လှိုင်လှိုင်ပေါ်ချိန်တွင်(၃၀၀၀)ကျပ်၊ အခြောက်တစ်ပြည်(၇၀၀၀-၈၀၀၀)ကျပ် ‌ရောင်းချရကြောင်း သိရှိရပါသည်။ ယခုနှစ်တွင် သီးနှံစိုက်ခင်း အပျက်အစီးရှိပြီး အထွက်နှုန်းနည်းသဖြင့် ပေါ်ဦးစ အစိုတစ်ပြည် လက္ကားစျေး (၈၀၀၀)ကျပ်၊ လှိုင်လှိုင်ပေါ်ချိန် (၄၀၀၀)ကျပ် ထိရောင်းချရကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)