စိုက်ပျိုးရေး ၊ မွေးမြူရေး ၊ ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကွင်းဆင်းစစ်ဆေး

Powered by Drupal

     ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ၊ သာယာဝတီမြို့နယ် ၊ သစ်ယာကုန်းအုပ်စု ၊ ကွင်းကြီးကျေးရွာသို့ ၁၅.၃.၂၀၂၃ ရက်နေ့တွင် သက်ဆိုင်ရာ ဌာနများဖြစ်သော မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ စိုက်ပျိုးရေး ၊ မွေးမြူရေး၊ စက်မှုလယ်ယာ ၊ ဆည်မြောင်း၊ မြေစာရင်းဦးစီးဌာန ၊ ကျေးလက် ၊ ဘေးစီမံ ၊ စားသုံးသူရေးရာဦးစီးဌာနတို့မှ မြို့နယ်တာန်ခံတို့ ပူးပေါင်းကာ ကွင်းဆင်းစစ်ဆေး၍ ဆွေးနွေးမှုများဆောင်ရွက်ခဲ့ပါသည်။

     အဆိုပါ ဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်အေးသန္တာထွန်းက သုံးသီးစားစိုက်ပျိုး ထုတ်လုပ်လျက်ရှိသော တောင်သူများအား စပါးစိုက်ပျိုးပြီးချိန်တွင် ဆောင်းသီးနှံ ၊ ပဲမျိုးစုံ ၊ စိုက်ပျိုးပြီးစီး ရိတ်သိမ်းပြီးချိန်၌ နွေစပါးစိုက်ပျိုးရန်အတွက် စိုက်ပျိုးရေရရှိရေး ၊ ဆည်ရေရရှိရေး ၊ မြေသြဇာရရှိရေး ၊ နည်းစနစ်မှန်ရရှိရေးတို့ကို သိရှိစေရန် အသိပညာပေးဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)