ကရင်ပြည်နယ်၊ ဆန်ကုန်သည်များနှင့်လုပ်ငန်းရှင်များအသင်းနှင့် တွေ့ဆုံဆွေးနွေး

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ပြည်တွင်းကုန်သွယ်ရေးဖွံဖြိုးမှုဌာနခွဲ တာဝန်ခံဦးမျိုးဝင်းနိုင်သည် ၂၂-၃-၂၀၂၃ရက်နေ့ (၁၁:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ကရင်ပြည်နယ်၊ ဆန်ကုန်သည်များနှင့် ဆန်လုပ်ငန်းရှင်များ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

    ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ကရင်ပြည်နယ်၊ ဆန်ကုန်သည်များနှင့် ဆန်လုပ်ငန်းရှင်များအသင်း ပြင်ဆင်ဖွဲ့စည်းမှုအခြေအနေများ၊ ပြည်တွင်းဆန်သယ်ယူပို့ဆောင်ရာတွင် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကိုလည်းကောင်း၊ အသင်းအနေဖြင့် သင်းဖွဲ့ စည်းမျဉ်း ရေးဆွဲဆောင်ရွက်ထားရှိမှုအခြေအနေနှင့် ကရင်ပြည်နယ်အတွင်း ဆန် စီးဝင်/စီးထွက် မှု အခြေအနေနှင့် ဈေးနှုန်း/ ဈေးကွက်ဖြစ်ပေါ်မှု အခြေအနေများကိုလည်းကောင်း၊ ဆန်နှင့် ဆန်ထွက်ပစ္စည်းများ တင်ပို့ရောင်းချမှုအပေါ် နိုင်ငံခြားငွေလဲလှယ်ခြင်းနှင့် ပတ်သက်၍ ကုန်သွယ်ရေးဦးစီးဌာနက ထုတ်ပြန်ထားသည့် ပို့ကုန်၊ သွင်းကုန်နှင့်ပတ်သက်သည့် သတင်းလွှာ (၄/၂၀၂၃) ကိုလည်းကောင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

      ကရင်ပြည်နယ်တွင် ပြည်နယ်အဆင့်အသင်းအဖွဲ့ ၃၀ သင်းထိ ဖွဲ့စည်းထားရှိသော်လည်း လှုပ်ရှားသက်ဝင်မှုအားကောင်းသောအသင်း ၁၂သင်းသာရှိသောကြောင့် အသင်းသက်ဝင် လှုပ်ရှားမှု အားကောင်းစေရေး၊ သင်းဖွဲ့စည်းမျဉ်းရေးဆွဲတင်ပြနိုင်ရေးအတွက် စားသုံးသူ ရေးရာဦးစီးဌာန ကရင်ပြည်နယ်ဦးစီးမှူးရုံးက စည်းရုံးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

DOCA(ကရင်)