မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်

Powered by Drupal

        ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တာဝန်ခံ ဦးလေးလွင်သည် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီး ဌာနတို့နှင့်ပူးပေါင်း၍ (၂၀.၃.၂၀၂၃)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီက အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် စားသုံးသူလူငယ်လူထုများအား စားသုံးသူကာကွယ်ရေး  အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ပါသည်။

       ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ အိမ်မဲမြို့နယ် တာဝန်ခံက တက် ရောက်လာသော လူငယ်များအား စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉) ပါ ပြဌာန်းချက်များ၊ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ ၄၁၊ ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ထုတ်လုပ်မှုအမှတ်စဉ်၊ ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး (သို့) ဓါတ်မတည်ကြောင်းဖော်ပြ ချက်နှင့် ကြိုတင်သတိပေးချက်များအကြောင်း၊ အခန်း(၁၄) ပုဒ်မ(၂၇)ပါဝန်ဆောင်မှုလုပ်ငန်းများ၏ အာမခံချက်နှင့်စပ်လျဉ်း၍ စားသုံးသူကတောင်းဆိုနိုင်သည့် အခွင့်အရေးများအကြောင်း ဆွေးနွေးဟောပြောဆောင်ရွက်ခဲ့ပါသည်၊ ဟောပြောပွဲသို့ လူငယ်လူထု (၂၅)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)