ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယခရိုင်ဦးစီးမှူး ဦးစိုးမင်းထိုက်၊ မြို့နယ်တာဝန်ခံဦးမင်းဇော်နှင့် ဝန်ထမ်းများ လိုက်ပါကာ (၁၇.၃.၂၀၂၃)ရက်နေ့၊ နေ့လယ်(၁၀:၀၀)နာရီအချိန်တွင် စားသုံးသူအသိပညာပေး ဟောပြောခြင်းကိုဆောင်ရွက်ခဲ့ပါသည်။
အဆိုပါဟောပြောဆွေးနွေးပွဲတွင် ဒုတိယ-ခရိုင်ဦးစီးမှူးက စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)နှင့် ပတ်သက်၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ အကြောင်းအရာများ၊ စားသုံးသူများလုံခြုံစိတ်ချရမှုရှိစေရေးအတွက် စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ စားသုံးသူကာကွယ်ရေး ဆောင်ရွက်ချက်များ၊ စားသုံးသူများအနေဖြင့် ကုန်စည်နှင့်ဝန်ဆောင်မှုများ ဝယ်ယူခြင်းမပြုမီ သတိပြုဆောင်ရွက်ရမည့်အချက်များ၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူက တောင်းဆိုနိုင်သည့်အခွင့်အရေးများ၊ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ သိသာထင်ရှားစွာဖော်ပြရမည့်အချက်များကို ဟောပြောပါသည်။ ဆက်လက်၍မြို့နယ်တာဝန်ခံဦးမင်းဇော်က စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချမှုရှိသည့်အရည်အသွေးမီသော စားသောက်ကုန်ပစ္စည်းများကို သုံးစွဲနိုင်ရေးအတွက် အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရမည့်သတ်မှတ်ချက်များပါရှိသော ကုန်စည်နှင့် အစားအသောက်များ၊ တားမြစ်ဓာတုဆိုးဆေးနှင့် တာရှည်ခံဆေး၊ ပိုးသတ်ဆေးအန္တရာယ်အကြောင်းများ ဌာနအနေဖြင့် စားသုံးသူများ အသုံးပြုသည့် ကုန်စည်နှင့်ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ဈေးကွက်စောင့်ကြည့် စစ်ဆေးမှုများ ပြုလုပ်လျက်ရှိ ကြောင်းဟောပြောပါသည်။ အခမ်းအနားသို့ လုပ်သားပြည်သူ(၃၀)ဦး တက်ရောက်ကြောင်း သိရသည်။
DOCA(ဧရာဝတီ)