သီပေါမြို့၌ သွင်းအားစုအစားထိုး သဘာဝမြေဆွေးပြုလုပ်အသုံးပြုလာ

Powered by Drupal

    ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးဦးစီးဌာနမှ (၂၁.၃.၂၀၂၃) ရက်နေ့၊ နံနက် (၀၉:၀၀)နာရီအချိန်တွင် နမ့်လန်ကျေးရွာအုပ်စုမှ ကျေးရွာ(၅)ရွာရှိ တောင်သူများအား သဘာဝမြေဆွေးပြုလုပ်နည်းလမ်းအဆင့်ဆင့်အား လက်တွေ့သရုပ်ဖော် ပြုလုပ်ပြသခဲ့ကြောင်း သိရှိရပါသည်။

    သီပေါမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၊ဦးစီးအရာရှိ ဦးထွန်းမင်းဦးမှ တောင်သူများအား သွင်းအားစုများ ဈေးနှုန်းမြင့်မားမှုကို တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန်ရည်ရွယ်၍ သဘာဝမြေဆွေးပုံပြုလုပ်နည်းကို ခရိုင်မြေအသုံးချရေးတာဝန်ခံ၊ ခရိုင်သီးနှံကာကွယ်ရေးတာဝန်ခံ၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီး ဌာနမှတာဝန်ရှိသူများ၊ သီပေါမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများမှ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)