အိန္ဒိယဆီစက်လုပ်ငန်းရှင်အသင်းနှင့် မလေးရှား စားအုန်းဆီထုတ်လုပ်သည့် အသင်းများ MoU ‌ရေးထိုးခြင်း

Powered by Drupal

        စဉ်ဆက်မပြတ်ထိန်းသိမ်းမှုစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်သည့် စားအုန်းဆီဖြစ်ကြောင်း အသိအမှတ်ပြုလက်မှတ် (Malaysian Sustainable Palm Oil – MSPO) ရရှိသည့် မလေးရှားနိုင်ငံ၊  ဆာရာဝပ်ပြည်နယ်မှ စားအုန်းဆီများ အိန္ဒိယဈေးကွက်သို့ ဝင်ရောက်နိုင်မှုဆိုင်ရာ နားလည်မှု စာချွန်လွှာတစ်စောင်ကို SEA ခေါ် အိန္ဒိယဆီစက်လုပ်ငန်းရှင်များအသင်း (Solvent Extractors’ Association of India) နှင့် မလေးရှားနိုင်ငံရှိ စားအုန်းဆီစိုက်ပျိုးထုတ်လုပ်သည့် အသင်းအဖွဲ့ ၃ ခုတို့ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရှိရသည်။

           အဆိုပါ MoU အရ အိန္ဒိယ SEA ကုန်သည်အသင်းသည် အဓိကအားဖြင့် ဆာရာဝပ် ပြည်နယ်အတွင်း အမှီအခိုကင်းသည့် ဆီအုန်းစိုက်ပျိုးသူ လုပ်ငန်းငယ်များ၏ စဉ်ဆက်မပြတ် ထိန်းသိမ်းမှုစနစ်ဖြင့် စားအုန်းဆီ ထုတ်လုပ်မှုနှင့် စီမံခန့်ခွဲမှုတို့ကို ကူညီထောက်ပံ့ခြင်း၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်များနှင့်အညီ အဆိုပါနည်းစနစ်ဖြင့် ထုတ်လုပ်သည့် စားအုန်းဆီများ မြှင့်တင်ရေး ချိတ်ဆက်မှုနှင့် ပူးပေါင်းလုပ်ကိုင်မှုများ ဆောင်ရွက်ခြင်း၊ ဆာရာဝပ်ပြည်နယ်ရှိ ဆီအုန်းစိုက်ပျိုးသူ လုပ်ငန်းငယ်များက ထုတ်လုပ်သည့် MSPO လက်မှတ်ရ စားအုန်းဆီများ အိန္ဒိယဈေးကွက်သို့ ဝင်ရောက်မှု ချဲ့ထွင်ခြင်း လုပ်ငန်းနယ်ပယ်များတွင်  မလေးရှားကုန်သည် အသင်းများ ဖြစ်သည့် Solidaridad, DOPPA နှင့် PVATM တို့နှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်သည်။

The Hindu Business Line, 14 Mar 2023