ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် သကြားတင်သွင်းခွန်များ လျှော့ချခြင်း

Powered by Drupal

    ဘင်္ဂလားဒေ့ရှ်နိုင်ငံအစိုးရသည် သကြားတင်သွင်းခွန်နှင့် တန်ဖိုးမြှင့်အခွန် (Value Added Tax) များကို လျှော့ချမည်ဖြစ်ရာ အမှန်တကယ်တွင် ၁ ကီလိုဂရမ်လျှင် တာကာငွေ ၄.၅ နှုန်း ဈေးလျှော့ချရန်ဖြစ်သော်လည်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် သကြားကြိတ်ခွဲသည့်လုပ်ငန်းများနှင့် ကျိုချက်သန့်စင်သည့်လုပ်ငန်းများကို လက်လီအဆင့်အနေဖြင့် သကြားဈေးနှုန်းအား ၁ ကီလိုဂရမ်လျှင် ၅ တာကာနှုန်း ဈေးလျှော့ချစေရေး တောင်းဆိုသွားမည် ဖြစ်သည်။

       အဆိုပါ အခွန်များလျှော့ချပြီး တင်သွင်းလာသော သကြားကုန်ကြမ်းများသည် လာမည့် ရက်သတ္တပတ်အတွင်း ဈေးကွက်အတွင်း ဝင်ရောက်လာမည်ဖြစ်၍ သကြား လက်လီဈေးနှုန်းများ လျှော့ချနိုင်မည်ဖြစ်ကြောင်း ဝန်ကြီး Tipu Munshi က ပြောကြားခဲ့သည်။ ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေးကော်ပိုရေးရှင်း (TCB) ၏ စာရင်းများအရ ဒါကာမြို့၊ လက်လီဈေးကွက်တွင် သကြား ၁ ကီလိုဂရမ်လျှင် တာကာငွေ ၁၁၅ မှ ၁၂၀ အတွင်းရောင်းချလျက်ရှိကြောင်း သိရှိရသည်။

Source: The Daily Star, 19 March, 2023