ဖောင်းပြင်မြို့တွင် ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ဖောင်းပြင်မြို့နယ်တာဝန်ခံ ဦးကျော်သန်းစိန်( ဒု-ဦးစီးမှူး) သည် ( ၂၈.၃.၂၀၂၃ ) ရက်နေ့၊ နံနက် (၁၀:၀၀ ) နာရီအချိန်တွင် ဖောင်းပြင်မြို့၊ အင်ကြင်းမြိုင်ရပ်ကွက်ရှိ ဆေးနှင့်ဆေးပစ္စည်းရောင်းချနေသည့် ကုန်စုံဆိုင် ( ၂ ) ဆိုင်အား ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြသည့် ကုန်စည်များ ရောင်းချခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးကျော်သန်းစိန် (ဒု-ဦးစီးမှူး)က  စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြပါရှိရမည့်အချက်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ လိုက်နာရမည့်အချက်များနှင့်တာဝန်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး အစားသောက်နှင့် ဆေးဝါးကွပ်ကဲ‌ရေးဦးစီးဌာနမှလည်း (FDA)၏ ထောက်ခံချက်ပါရှိသောဆေးဝါးများ ရောင်းချနေခြင်းရှိ/မရှိ၊ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအနေဖြင့် ဆေးရောင်းချခွင့်လိုင်စင်များ ပြုလုပ်ထားခြင်း ရှိ/မရှိနှင့် သက်တမ်းများကုန်ဆုံးခြင်း ရှိ/မရှိတို့ကို FDA ဌာနမှ စစ်ဆေးခဲ့ပြီး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိ ရပါသည်။

DOCA(စစ်ကိုင်း)