စက်သုံးဆီဆိုင်များအား (IT) အဖွဲ့စုံဖြင့် ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

   စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ကုန်စည်စီးဆင်းမှုမှန်ကန်မြန်ဆန်ရေးနှင့် ကုန်ဈေးနှုန်း တည်ငြိမ်ရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိပါသည်။ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်အနေဖြင့် ခရိုင်ဦးစီးမှူး‌ဒေါ်သန်းသန်းတင်ဦးဆောင်၍ ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း(၃)ဦးတို့သည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်အတူ (၂၂.၃.၂၀၂၃)ရက်နေ့ နေ့လယ် (၁၃:၀၀)နာရီအချိန်တွင် စစ်ကိုင်းမြို့ပေါ်ရှိ SPCနှင့် ရွှေဗျိုင်းဖြူ စက်သုံးဆီအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေး စိစစ်ကြပ်မတ်ခဲ့ကြောင်း သိရှိရပါသည်။ ထိုသို့စစ်ဆေးရာတွင် စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ နေ့စဉ် သတ်မှတ်ပေးသည့် စက်သုံးဆီရည်ညွှန်း လက်လီဈေးနှုန်းများထက် ကျော်လွန်၍ ရောင်းချနေမှုရှိ / မရှိကို ( IT ) အဖွဲ့စုံဖြင့် ဈေးကွက်‌ စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)