အိန္ဒိယနိုင်ငံ၌ ခန့်မှန်းထားသည့် ပမာဏအောက် ဂျုံအထွက် တန်ချိန် ၁ သန်းခန့် လျော့ကျဖွယ်ရှိ

Powered by Drupal

    အိန္ဒိယနိုင်ငံ၌ ဂျုံအဓိကစိုက်ပျိုးသည့် ပန်ဂျပ်၊ ဟာရီယာနာနှင့် ရာဂျပ်စတန် ပြည်နယ်များ တွင် မတ်လ နောက်ဆုံးရက်သတ္တပတ်အတွင်း အချိန်အခါမဲ့ မိုးရွာသွန်းမှုနှင့် မိုးသီးများကျရောက်မှု ကြောင့် ဂျုံစိုက်ပျိုးထားရှိမှု၏ ၂၅% မှ ၅၀% ခန့်အထိ ထိခိုက်ဖွယ်ရှိကြောင်း သိရှိရပါသည်။

    အိန္ဒိယစိုက်ပျိုးရေးဝန်ကြီးဌာနသည် သီးနှံများ ထိခိုက်ပျက်စီးမှုအခြေအနေ ကနဦးစာရင်း ကောက်ယူမှုကို ပြည်နယ်အစိုးရများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ပန်ဂျပ်နှင့် ဟာရီယာနာ ပြည်နယ်အစိုးရများက အထူးစစ်တမ်းကောက်ယူရေး အမိန့်များထုတ်ပြန်လျက် သီးနှံများထိခိုက် ပျက်စီးမှုရှိသည့် တောင်သူများသို့ အထောက်အပံ့များပေးအပ်မည်ဖြစ်ကြောင်း ကတိပြု ပြောဆိုခဲ့ ကြသည်။

   အိန္ဒိယစိုက်ပျိုးရေးဝန်ကြီးဌာနမှ သတင်းအရင်းအမြစ်များအရ ယခုနှစ်၌ ဂျုံသီးနှံ စိုက်ပျိုး ထွက်ရှိနိုင်မှုကို တန်ချိန် ၁၁၂.၁၈ သန်း မျှော်မှန်းထားသော်လည်း အချိန်အခါမဲ့မိုးကြောင့် တန်ချိန် ၁ သန်းခန့် ထိခိုက်လျော့နည်းဖွယ်ရှိကြောင်း သိရှိရသည်။

Source: The Hindu Business Line, 27 March 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)