အင်ဒိုနီးရှားနိုင်ငံ၌ ဇန်နဝါရီလကုန် စားအုန်းဆီလက်ကျန်များက ထုတ်လုပ်မှု လျော့နည်း သွားစေပြီး တင်ပို့မှုများပြားခြင်း ဖြစ်ပေါ်ခဲ့သည့်အခြေအနေ

Powered by Drupal

    ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလအတွင်း အင်ဒိုနီးရှားနိုင်ငံ၌ စားအုန်းဆီလက်ကျန်အခြေအနေသည် ထုတ်လုပ်မှုကို လျော့နည်းစေသော်လည်း တန်ချိန် ၃.၀၉၉ သန်းအထိ တင်ပို့နိုင်ခဲ့ကြောင်း အင်ဒိုနီးရှားစားအုန်းဆီအသင်းက မတ်လ ၂၇ ရက် (တနင်္လာနေ့)တွင် ဖော်ပြသောအချက်အလက် များအရ သိရပါသည်။ ယခုနှစ် ဇန်နဝါရီလ တင်ပို့မှုပမာဏသည် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလနှင့် နှိုင်းယှဉ်ပါက ၁၃ % လျော့နည်းခဲ့ပြီး ကာလတူ ဇန်နဝါရီလနှင့်နှိုင်းယှဉ်ပါက ၃၄ % လျော့နည်း တင်ပို့ခြင်းဖြစ်သည်။

    ဇန်နဝါရီလအတွင်း စားအုန်းဆီ(စားအုန်းဆီကြမ်း(Crude Palm Oil-CPO) နှင့် ဆီအုန်း စေ့မှထုတ်သည့် စားအုန်းဆီကြမ်း(Crude Palm Kernel Oil-CPKO) အထွက်နှုန်း ကျဆင်းလာပြီး ရာသီအလိုက် တွက်ချက်မှုအရ ဇန်နဝါရီလတွင် တန်ချိန် ၄.၂၆ သန်းခန့် ထုတ်လုပ်နိုင်ရေး မှန်းချက်တွက်ချက်ထားသည့်အတွက် ရာခိုင်နှုန်းအားဖြင့် ၁၁.၃ % ခန့် ထုတ်လုပ်မှုကျဆင်း ခဲ့ပါသည်။ ယခင်နှစ် ၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင် စားအုန်းဆီထုတ်လုပ်မှု တန်ချိန် ၄.၂၃ သန်းခန့် ရှိခဲ့ကြောင်းသိရပါသည်။

    သို့ရာတွင် စားအုန်းဆီ တင်ပို့မှုပိုင်းအနေဖြင့် တန်ချိန် ၂.၉၅ သန်းအထိ ပိုမိုတင်ပို့နိုင်ခဲ့ပြီး ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလနှင့်နှိုင်းယှဉ်ပါက ၇ % ပိုမိုတင်ပို့နိုင်ခဲ့ပြီး ကာလတူ ဇန်နဝါရီလ နှင့် နှိုင်းယှဉ်ပါက ၃၅ % ပိုမိုကြောင်း သိရပါသည်။

    ယင်းသို့ တိုးမြင့်တင်ပို့မှုများအနက် အီဂျစ်၊ အီတလီနှင့် စင်ကာပူနိုင်ငံများသို့ တင်ပို့မှုသည် ဒီဇင်ဘာလထက် ၅၃ % မှ ၅၀၀ % ကျော်အထိ တင်ပို့မှုမြင့်တက်လာကြောင်းနှင့် ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်၊ ဗီယက်နမ်နှင့် ရုရှားနိုင်ငံများသို့ တင်ပို့မှုမှာ ဒီဇင်ဘာလအတွင်းတွင် ၅၀ ရာခိုင်နှုန်း ကျော်လျော့နည်းခဲ့ကြောင်း အင်ဒိုနီးရှားစားအုန်းဆီအသင်း၏ ထုတ်ပြန်ချက်အရ သိရှိရပါသည်။

    တစ်ဖက်တွင် ပြည်တွင်းဆီစားသုံးမှုမှာလည်း ဇန်နဝါရီလအတွင်း ၇.၆ % ခန့်ကျဆင်း သွားသည့်အတွက် စားသောက်ကုန်ကဏ္ဍတွင် များစွာစားသုံးမှုကျဆင်းခြင်း ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်ပါ သည်။ စားသောက်ကုန်ကဏ္ဍ ဆီစားသုံးမှုပမာဏမှာ တန်ချိန် ၇၉၃၀၀၀ သာဖြစ်ရာ ယခင်နှစ် ဒီဇင်ဘာလနှင့် နှိုင်းယှဉ်ပါက ၁၂ % ခန့်ကျဆင်းခဲ့ပါသည်။

    ယခုနှစ်ဖေဖော်ဝါရီလတွင် အင်ဒိုနီးရှားနိုင်ငံ၏ တင်းကြပ်သော ပို့ကုန်ဆိုင်ရာ မူဝါဒ သတ်မှတ်ချက်များကြောင့် စားအုန်းဆီတင်ပို့မှု လျော့နည်းနိုင်ခြေရှိကြောင်း ခန့်မှန်းထားပြီး တင်ပို့မှုပမာဏ တန်ချိန် ၁.၉၉၇ သန်းသာ ရှိနိုင်ကြောင်း Cargo Surveyor အဖွဲ့က ခန့်မှန်းထား ပါသည်။

     ယခုနှစ်အစောပိုင်းတွင် အင်ဒိုနီးရှားအစိုးရက ပြည်တွင်းစားအုန်းဆီဖူလုံစေရေးမူဝါဒ DMO (Domestic Market Obligation)အစီအစဉ်အရ လက်ရှိ ခွင့်ပြုထားသည့် စားအုန်းဆီ ပို့ကုန် ပါမစ်များ၏ သုံးပုံနှစ်ပုံကို တင်ပို့ရန်ဆိုင်းငံ့ထားခဲ့ပါသည်။ DMO အစီအစဉ်အရ ဖေဖော်ဝါရီ လမှ ဧပြီလအထိ ပြည်တွင်း၌ တစ်လလျှင်ရောင်းချပေးရမည့် ပမာဏ တန်ချိန် ၃၀၀၀၀၀ မှ ၄၅၀၀၀၀ ထိ တိုးမြှင့်သတ်မှတ်ထားကြောင်း သိရပါသည်။

    ဖေဖော်ဝါရီလအတွက် ပြည်တွင်း၌ စားအုန်းဆီ ၃၆၀၁၅၀ တန် ရောင်းချပေးနိုင်သည့် အတွက် DMO သတ်မှတ်ချက်အပေါ် ၈၀.၀၃% ခန့် ဖြန့်ဖြူးပေးနိုင်ခဲ့ကြောင်း၊ ဆက်လက်ပြီး DMO သတ်မှတ်ချက် တန်ချိန် ၄၅၀၀၀၀ အနက် ယခု မတ်လ ၂၆ ရက်နေ့အထိ ပြည်တွင်း၌ စားအုန်းဆီ ၂၂၁၆၅၉ တန် ဖြန့်ဖြူးရောင်းချပေးနိုင်ခဲ့ကြောင်းဖြင့် အင်ဒိုနီးရှား ကုန်သွယ်ရေးဝန်ကြီးဌာနမှ အရာရှိတစ်ဦးက မတ်လ ၂၇ ရက်နေ့တွင် ပြောကြားချက်အရ သိရှိရပါသည်။

Source: Agricensus, March 27 , 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)