စားအုန်းဆီများအား ဈေးကွက်အတွင်းလက်လီ/လက်ကားဖြန့်ဖြူးရောင်းချခြင်းအား ကြပ်မတ်ဆောင်ရွက်ခဲ့ခြင်း

Powered by Drupal

       မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် ၄.၄.၂၀၂၃  ရက်နေ့တွင် ပေါင်မြို့နယ်၊ သဲဖြူကုန်းနှင့် မော်လမြိုင်မြို့နယ်ရှိ ဘဲကုန်းဈေးနှင့် အုံးတော တို့တွင်လည်းကောင်း၊ ၅.၄.၂၀၂၃ ရက်နေ့တွင် ပေါင်မြို့နယ် မြို့သစ် (မုတ္တမ)၊ မုဒုံမြို့နယ် ကွေ့ဝမ်းကျေးရွာ၊ မော်လမြိုင်မြို့နယ် မြိုင်သာယာရပ်ကွက်တို့တွင်လည်းကောင်း၊ ၆.၄.၂၀၂၃ ရက်နေ့တွင် ပေါင်မြို့နယ် ကျောက်တံတား (မုတ္တမ)၊ မော်လမြိုင်မြို့နယ် သာယာကုန်းရပ်ကွက်၊ လှိုင် (ရွှေပြည်စိုး)ရပ်ကွက်တို့တွင် လည်းကောင်း၊ ၇.၄.၂၀၂၃ ရက်နေ့တွင် ပေါင်မြို့နယ် ကျုံက (မုတ္တမ)၊ မော်လမြိုင်မြို့နယ် သီရိမင်္ဂလာရပ်ကွက်၊ နတ်စမ်းရပ်ကွက်တို့တွင်လည်းကောင်း ကုမ္ပဏီများမှ ဖြန့်ဖြူးရောင်းချသည့် စားအုန်းဆီများအား ဈေးကွက်အတွင်း လက်လီ/လက်ကား ဖြန့်ဖြူးရောင်းချခြင်းကို ကြပ်မတ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

     ထိုသို့ဆောင်ရွက်ရာတွင် စားသုံးဆီတင်သွင်းသည့် ကုမ္ပဏီများမှ လက်ကားကုန်သည်များသို့ ဖြန့်ဖြူးထုတ်ပေးခဲ့သည့် စားအုန်းဆီများကို ရန်ကုန်အထိုင်ဈေး ရည်ညွှန်းလက်ကားဈေးနှုန်းအပေါ် သယ်ယူပို့ဆောင်ခကုန်ကျစရိတ်များထပ်ပေါင်း၍ ၂ ရာခိုင်နှုန်းအမြတ်ထက်မပိုသော ဈေးနှုန်းဖြင့် ဈေးကွက်အတွင်းသို့ ပြန်လည်ဖြန့်ဖြူးရောင်းချရမည်ဖြစ်ရာ လက်လီဈေးကွက်အတွင်း သင့်တင့်မျှတသော ဈေးနှုန်းများဖြင့် ရောင်းချစေရေး၊ ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချခြင်း မရှိစေရေးတို့အတွက် ကွင်းဆင်းကြပ်မတ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)