ဘွဲ့တံဆိပ်တော်ဆက်ကပ်လှူဒါန်းပွဲအခမ်းအနား ကရင်ပြည်နယ်၊ဘားအံမြို့တွင်ကျင်းပ

Powered by Drupal

       ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်ကြော်ငြာစာအမှတ်  (/၂၀၂၃) ဖြင့် ၂၀၂၃ခုနှစ်၊ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းခြင်းခံရသော အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး()ပါးနှင့် အဂ္ဂမဟာကမ္မဋ္ဌာနာစရိယာ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး()ပါးတို့အား သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ၆--၂၀၂၃ရက်နေ့တွင် ကရင်ပြည်နယ်၊ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပခဲ့ရာ ကရင်ပြည်နယ် ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ပူဇော်ခဲ့ကြောင်း သိရှိရသည်။

        အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က သာသနာတော်ဆိုင်ရာများ လျှောက်ထားခဲ့ပြီး ဆရာတော်များမှ ဩဝါဒချီးမြှင့်မြွက်ကြား၍ အစီအစဉ်အရ ဘွဲ့တံဆိပ်တော်များ ကပ်လှူပူဇော်ခဲ့ကြသည်။ ဘွဲ့တံဆိပ်တော်ရ အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇဘွဲ့တံဆိပ်တော်ရ တောင်ကလေးပရိယတ္တိ သာသနာအေးရိပ်သာနာယကချုပ် နိုင်ငံတော် ဗဟိုသံဃာဝန်ဆောင်ဆရာတော်၊ အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇဘွဲ့တံဆိပ်ရ မြဝတီမြို့နယ်၊ ရွှေက္ကိုလ် မြိုင်ကျေးရွာ၊ မဟာသုခအောင်  မင်္ဂလာဘေးမဲ့ကျောင်းတိုက် ဆရာတော်ကိုယ်စား သုမေသာရမစာတော်ရဆရာတော် ကော့ကရိတ်မြို့နယ်၊ ကော့ဘိန်းကျေးရွာ၊ ရာမညာဏိကာရ မဟာဝိဟာရပရိယတ္တိ စာသင်တိုက် ဆရာတော်ဘဒ္ဒန္တဝိနက ဆရာတော်ကိုယ်စား ဆရာတော်အဂ္ဂဓမ္မာတို့ထံ ဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်များ ဆပ်ကပ်လှူဒါန်းပြီး လှူဒါန်းမှုအစုစုတို့အား ရေစက်ချအမျှဝေ၍ အခမ်းအနားကို (၁၄:၀၀)နာရီ အချိန်တွင်ရုပ်သိမ်းခဲ့ကြောင်းနှင့် ထိုအခမ်းအနားကို စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးဦးသန်းဦးနှင့် ဝန်ထမ်း()ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

DOCA(ကရင်)