စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တာဝန်ခံ ဒု-ကြီးကြပ်ရေးမှူး၊ ဦးဝေယံမြင့်အောင်သည် စားသုံးသူပြည်သူများ ဘေးကင်းလုံခြုံစိတ်ချရမှုရှိစေရေးအတွက် မိတ်ဖက်ဌာနများဖြစ်သော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ (၅.၃.၂၀၂၃)ရက်နေ့ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် မင်းလှမြို့ပေါ်ရှိ ကုန်မျိုးစုံအရောင်းဆိုင်များတွင် ရောင်းချလျက်ရှိသော ကုန်စည်များအား သက်ဆိုင်ရာအစိုးရ ဌာနများမှ တားမြစ်ထားသောကုန်စည်များနှင့် သက်တမ်းလွန်ကုန်စည်များ ရောင်းချခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။
ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မင်းလှမြို့နယ် တာဝန်ခံသည် ကုန်မျိုးစုံ ရောင်းချနေသော ဆိုင်ရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)၊ အခန်း(၁၈) ပုဒ်မ(၄၁)အရ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားသော ကုန်စည်များ၊ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန် ကြော်ငြာထားသော ညွှန်းကြားချက်အမှတ် (၂/၂၀၁၉) နှင့် အညီ မြန်မာဘာသာဖြင့် ပြည်စုံစွာ ဖော်ပြထားသော ကုန်စည်များကိုသာရောင်းချကြရန်ဖြစ်ကြောင်းနှင့် ကုန်အညွှန်အမှတ်အသား ဖော်ပြထားခြင်းမ ရှိသော ကုန်စည်များရောင်းချပါက စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီအရေးယူဆောင်ရွက်ခံ ရမည်ဖြစ်ကြောင်းတို့အား ရှင်းလင်းပြောကြားခဲ့ပြီး အရောင်ဆိုင်ရှင်များနှင့် ဈေးဝယ်ပြည်သူများအား အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။
DOCA(မကွေး)