မကွေးမြို့ပေါ်ရှိ ဆေးနှင့် ဆေးပစ္စည်းအရောင်းဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းနှင့် စားသုံးဆီရောင်းချသည့်ဆိုင်များသို့ ကွင်းဆင်းစစ်ဆေး

Powered by Drupal

       မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏လမ်းညွှန်မှုအရ ၅.၄.၂၀၂၃ ရက်နေ့တွင် မကွေး မြို့ပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များသို့ သင်္ကြန်ကာလအတွင်း ဆေးများ ဈေးနှုန်းမြှင့်တင် ရောင်းချမှုမရှိစေရေးနှင့်သက်တမ်းလွန်ဆေးဝါးများ ရောင်းချမှုမရှိစေရေး ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် FDA၊ စည်ပင်သာယာရေးအဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် စားသုံးသူရေးရာဦးစီးဌာန  မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှဝန်ထမ်းများ၊ မကွေးမြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများပါဝင်သောအဖွဲ့သည် မကွေးမြို့ပေါ်ရှိ သီလ၊ သံလွင်၊ မေတ္တာမွန်၊ ပတ္တမြားဆေးဆိုင်၊ ထက်ဆေးဆိုင်၊ ဇီဝက ဆေးဆိုင်၊ ပုလဲ၊ ဖန်ခါးမြေဆေးဆိုင်များနှင့် JDS ဆေးကုမ္ပဏီများသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေး ခဲ့ပါသည်။ 

       အဆိုပါအဖွဲ့အနေဖြင့် ဆေးဈေးနှုန်းစာရင်းများကောက်ယူခြင်း၊ ကုမ္ပဏီရောင်းချသောဈေးနှုန်းများနှင့်ကွာခြားမှုရှိ/မရှိ စိစစ်ခြင်း၊  ဆေးပစ္စည်းများပြတ်လပ်မှုမရှိစေရေး မေးမြန်းစုံစမ်းခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။

       ဆက်လက်၍ အဆိုပါအဖွဲ့သည် မကွေးမြို့၊ ရန်ပယ်ဈေးရှိ စားသုံးဆီရောင်းချသော ဆိုင်များ သို့လည်း  သွားရောက်၍ ရောဆီများပါဝင်မှုအချိုးအဆအတိုင်း လေဘယ်ကပ်၍ ရောင်းချရေး၊ ဆီများ ရောင်းချရာတွင် သန့်ရှင်းစွာဖြင့် ခင်းကျင်းရောင်းချရေးတို့အား ကွင်းဆင်းစစ်ဆေးခြင်းများ  ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(မကွေး)