မအူပင်မြို့နယ် ကျေးရွာနေပြည်သူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဆောင်ရွက်

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တာဝန်ခံရုံးမှ မြို့နယ်ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများသည်  (၇.၄.၂၀၂၃) ရက်နေ့၊ (၁၀:၃၀) အချိန်တွင် မအူပင်မြို့နယ်၊ ထန်းပင်ကွေ့အရှေ့ဘုန်းတော်ကြီးကျောင်းတွင် ကျေးရွာနေပြည်သူ(၂၇)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခဲ့ပါသည်။

      ထိုသို့ ဟောပြောရာတွင် မြို့နယ်ဦးစီးမှူးက စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအကြောင်း၊ စားသုံးသူအခွင့်အရေးနှင့် တာဝန်များအကြောင်း၊ စားသုံးသူကာကွယ်ရေးနှင့် စပ်လျဉ်း၍ အသိပညာပေး လုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိအောင် ဆောင်ရွက်နေမှုများအကြောင်း၊ ကုန်စည်၊ ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ စားသုံးသူမှ စိတ်ကြိုက်ရွေးချယ် ဝယ်ယူခွင့်ရှိပြီး နစ်နာဆုံးရှုံးမှုရှိလာပါက စားသုံးသူရေးရာဦးစီးဌာနသို့ အရေးဆိုတိုင်ကြားနိုင်ကြောင်း၊ စားသုံးသူအနေဖြင့် လည်းကောင်း၊ စီးပွားရေးလုပ်ငန်းရှင်အနေဖြင့်လည်းကောင်း စားသုံးသူကာကွယ်ရေးကိစ္စရပ်နှင့် သိရှိလိုခြင်း၊ တိုင်ကြားလိုခြင်းများအတွက် စားသုံးသူရေးရာဦးစီးဌာန၏ Call Center ၁၅၃၅ သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း စသည်တို့ကိုအသိပညာပေး ဟောပြောဆွေးနွေးခဲ့ပြီး ပြည်သူများ၏ သိရှိလိုသည်များကိုလည်း ပြန်လည်ဖြေကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)