ဗြိတိန်နိုင်ငံ၏ ဘာစမာတီး ဆန်အတွက် ကုန်သွယ်မှု စည်းမျဉ်းသစ်ထုတ်ပြန်မှုအား လုပ်ငန်းရှင် များသို့ ရှင်းလင်းဆွေးနွေးသွားမည်ဖြစ်

Powered by Drupal

      အိန္ဒိယနိုင်ငံလယ်ယာစိုက်ပျိုးရေးနှင့် ပြုပြင်ထုတ်လုပ်သောစားသောက်ကုန်များတင်ပို့မှု ဖွံ့ဖြိုးတိုးတက်ရေးအာဏာပိုင်အဖွဲ့အစည်းသည် အိန္ဒိယနိုင်ငံရှိ ဆန်တင်ပို့သူများအသင်း၊ အဓိကဆန်တင်ပို့သူများ၊ ကျွမ်းကျင်ပညာရှင်များနှင့် အခြားစီးပွားရေးလုပ်ငန်းရှင်များအား ဗြိတိန်နိုင်ငံ၏ဘာစမာတီးဆန်နှင့်စပ်လျဉ်းသည့် စည်းမျဉ်းသစ်ထုတ်ပြန်မှုနှင့်အိန္ဒိယနိုင်ငံ၏ ဘာစမာတီး ပို့ကုန်အပေါ် ရေတိုနှင့်ရေရှည်ကာလအကျိုးသက်ရောက်မှုအပေါ် အကဲဖြတ်သွားနိုင်ရေးအတွက် ရှင်းလင်းဆွေးနွေးသွားမည်ဖြစ်ပါသည်။ အဆိုပါစည်းမျဉ်းသစ်အား ဗြိတိန်နိုင်ငံလက်လီအသင်း နှင့် ဆန်အသင်းအဖွဲ့တို့မှ စတင်၍  အဆိုပြုခဲ့ခြင်းဖြစ်ကြောင်းလည်း သိရှိရပါသည်။

     စည်းမျဉ်းသစ်ကို ဥရောပ ဆန်ကြိတ်ခွဲထုတ်လုပ်သူများအသင်း၊ အိန္ဒိယနိုင်ငံအဓိကဆန် တင်ပို့သူများအသင်းနှင့် ပါကစ္စတန်ဆန်တင်ပို့သူများအသင်းတို့အကြား ဆွေးနွေးတိုင်ပင်၍  ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ယင်းသို့ထုတ်ပြန်ရခြင်း၏ရည်ရွယ်ချက်မှာ အဖွဲ့ဝင်များအကြား ဆန်တင် သွင်းမှု၊ ပြုပြင်ထုတ်လုပ်မှုနှင့်ပြင်ဆင်မှု၊ ထုပ်ပိုးမှုနှင့် ဈေးကွက်ရှာဖွေမှုကိစ္စများအပေါ် စိတ်ပါဝင် စားမှု တိုးမြှင့်နိုင်ရန်အတွက် ဖြစ်ကြောင်းလည်း သိရှိရပါသည်။ အဆိုပါစည်းမျဉ်းသစ်အရ ဗြိတိန် နိုင်ငံတွင် ရောင်းချသောဘာစမာတီးဆန်များသည် ကုန်အညွှန်းအမှတ်အသားပါရှိရမည်ဖြစ်ပြီး စည်းမျဉ်းသစ်ကို မိမိသဘောဆန္ဒအလျောက် လိုက်နာဆောင်ရွက်နိုင်ကြောင်း၊ စည်းမျဉ်းသစ်ကို လိုက်နာနိုင်မှုမရှိပါက အနိမ့်ဆုံးလိုအပ်ချက်အဖြစ် ဘာစမာတီးဆန်သည် အစစ်အမှန်ဖြစ်ရမည် ဖြစ်ကြောင်းလည်း သိရှိရပါသည်။

      စည်းမျဉ်းသစ်တွင် အိန္ဒိယနိုင်ငံနှင့်ပါကစ္စတန်နိုင်ငံအာဏာပိုင်များမှ လက်ရှိကာလတွင် သဘောတူခွင့်ပြုထားသည့် ဘာစမာတီးဆန် အမျိုးအစားများပါဝင်ပြီး အသစ်ထုတ်ပြန်ကြေညာထားသော ဘာစမာတီးဆန်အမျိုးအစားများလည်းပါဝင်ကြောင်းနှင့် အိန္ဒိယနိုင်ငံမျိုးစေ့အက် ဥပဒေ ၁၉၉၆ အရ ထုတ်ပြန်ကြေညာထားသည့် နာမည်ကျော်ကြားသော ဘာစမာတီးဆန်အမျိုး အစားအများစုပါဝင်ကြောင်း သိရှိရပါသည်။ စည်းမျဉ်းသစ်တွင် အိန္ဒိယနိုင်ငံတွင် စိုက်ပျိုးသော ဘာစမာတီးဆန်အမျိုးအစား ၅ မျိုးအနက် ၄ မျိုးကို ပယ်ဖျက်ခဲ့သော်လည်း ပယ်ဖျက်ခဲ့သော အမျိုးအစားများမှာ စိုက်ပျိုးခြင်းမရှိတော့သဖြင့် အိန္ဒိယနိုင်ငံ၏ပို့ကုန်ကို အကျိုးသက်ရောက်နိုင် မည်မဟုတ်ကြောင်း၊ သို့ရာတွင် ပယ်ဖျက်ခဲ့သောစာရင်း၌ အိန္ဒိယနိုင်ငံတွင် အသိအမှတ်ပြု ထုတ်ပြန်ကြေညာထားခြင်းမရှိသော ပန်ဂျပ်ဘာစမာတီးဆန်ပါဝင်နေမှုမှာ မှားယွင်းမှုတစ်ခုဖြစ် ကြောင်း၊ အိန္ဒိယနိုင်ငံတွင် အသိအမှတ်ပြုထုတ်ပြန်ကြေညာထားသော ပန်ဂျပ် ဘာစမာတီး ဆန်များမှာ ဆန်အမျိုးအမည်ရှေ့တွင် ပန်ဂျပ်ဘာစမာတီးဆန် ၁၊ ၂၊ ၃ ဟူ၍ အမျိုး အစားများ ခွဲခြားထားသဖြင့် အိန္ဒိယနိုင်ငံ၏ဘာစမာတီးဆန်တင်ပို့မှုကို အကျိုးသက်ရောက်မည် မဟုတ်ကြောင်း သိရှိရပါသည်။

      အိန္ဒိယနိုင်ငံလယ်ယာစိုက်ပျိုးရေးနှင့် ပြုပြင်ထုတ်လုပ်သောစားသောက်ကုန်များတင်ပို့မှု ဖွံ့ဖြိုးတိုးတက်ရေးအာဏာပိုင်အဖွဲ့အစည်း၏ စည်းမျဉ်းသစ်သည် အစားအသောက်စံချိန်စံညွှန်း အဖွဲ့အစည်းမှ ၂ဝဝ၃ ခုနှစ် ဖေဖော်ဝါရီလက ထုတ်ဝေခဲ့သည့် စာတမ်းတွင်ပါရှိသည့် “အင်ဒို ဂန်ဂျက်တစ်လွင်ပြင်ဒေသများ” ကို ရည်ညွှန်းထားကြောင်း၊ မိမိတို့အဖွဲ့အစည်းအနေဖြင့် ဗြိတိန် နိုင်ငံတွင် ဘာစမာတီးဆန်ပထဝီအညွှန်းအမှတ်အသားကို မှတ်ပုံတင်ထားကြောင်း ပြောကြားခဲ့ ပါသည်။ အိန္ဒိယနိုင်ငံအစားအသောက်လုံခြုံစိတ်ချရမှုနှင့် စံချိန်စံညွှန်းအာဏာပိုင်အဖွဲ့အစည်းသည် DNA လက်ဗွေ (fingerprint) ဖြင့် ဆန်သန့်စင်မှုအတွက် လိုအပ်ချက်ကို သတ်မှတ်သည့် စနစ်တစ်ရပ်ကိုလည်း မကြာမီအကောင်အထည်ဖော်ဆောင်ရွက်တော့မည်ဟု သိရှိရပါသည်။

Source: The Hindu Business Line, 3 April 2023(လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ ဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)