ဆေးဝါးရောင်းချသော ဆိုင်များအား အဖွဲ့ဖြင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

  ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်အတွင်း ရောင်းချလျက်ရှိသော ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအား အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန FDA၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမာရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနတို့နှင့်အတူ (၇.၄.၂၀၂၃) ရက်နေ့၊ နံနက် (၀၈:၃၀) မှ (၁၀:၀၀) နာရီအချိန်အထိ ဆေးဆိုင်(၅)ဆိုင်သို့သွားရောက်၍ ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

   ကွင်းဆင်းစစ်ဆေးရာတွင် ဓနုဖြူမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးဝင်းမင်းစိုးနှင့် ဝန်ထမ်းများသည် ပူးပေါင်းအဖွဲ့နှင့်အတူ ဓနုဖြူမြို့ပေါ်ရှိ ဆေးဝါး‌အရောင်းဆိုင်များမှ ရောင်းချသောဆေးဝါးများတွင် FDAဌာန၏ ထောက်ခံချက်မပါရှိသောဆေးဝါးများ၊ သက်တမ်းလွန်ဆေးဝါးများ ဈေးကွက်အတွင်း ရောင်းချခြင်း ရှိ/မရှိနှင့် စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉ )ပါ အခန်း(၁၈) ကုန်အညွှန်းအမှတ်အသား ဖော်ပြ ပါဝင်မှု ရှိ/ မရှိကို စစ်ဆေးခဲ့ကြပါသည်။ ဓနုဖြူမြို့နယ်အတွင်း ဖွင့်လှစ်ရောင်းချနေသော ဆေးဆိုင်များတွင် စံမမီဆေးဝါးများ၊ သက်တမ်းလွန်ဆေးများ၊ ထောက်ခံချက်မပါရှိသောဆေးများ၊ ကုန်အညွှန်းအမှတ် အသား ပြည်စုံစွာမပါဝင်သောဆေးများ ရောင်းချမှုမရှိကြောင်း တွေ့ရှိရပါသည်။ လုပ်ငန်းရှင်များအား သက်ဆိုင်ရာဌာနများမှလည်း ဆေးဝါးရောင်းချမှုနှင့် ပတ်သက်၍ အသိပညာပေးရှင်းလင်းစစ်ဆေးခဲ့ကြောင်း သိရပါသည်။

DOCA(ဧရာဝတီ)