ပဲခူးမြို့နယ်ရှိ စားသုံးသူပြည်သူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများဟောပြော

Powered by Drupal

        စားသုံးသူရေးရာဦးစီးဌာန ၊ ပဲခူးခရိုင် ၊ ပဲခူးမြို့နယ်တာဝန်ခံ ဦးစိုးဝင်းသည် တိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့်အတူ ကလိရပ်ကွက်၌ ဧပြီလ၁၉ရက်နေ့ နံနက်ပိုင်းက  စားသုံးသူကာကွယ်ရေးဆိုင်ရာ    သိကောင်းစရာများကို ရှင်းလင်းပြောကြားခဲ့ပါသည်။

      မြို့နယ်တာဝန်ခံ ဦးစိုးဝင်းက စားသုံးသူအခွင့်အရေးနှင့် နစ်နာဆုံးရှုံးမှု မရှိစေရေးအတွက် စားသုံးသူပြည်သူများနှင့် စီးပွားရေး လုပ်ငန်းရှင်များအား အသိပညာပေး ဆောင်ရွက်နေမှုများနှင့် ဈေးကွက်စောင့်ကြည့်လေ့လာခြင်းများကို လည်းကောင်း ၊ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေး ကော်မရှင်က ညွှန်ကြားချက်အမှတ် ၂/၂၀၁၉ ဖြင့် ညွှန်ကြားထားပြီးဖြစ်သဖြင့် ကုန်စည်များ ဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသားများကို ဦးစားပေးဖတ်ရှုသင့်သည်များကို လည်းကောင်း ၊ စားသုံးသူကာကွယ်ရေး ဥပဒေပေါ်ပေါက်လာပုံ ၊ ဥပဒေပါ အကြောင်းအရာများထဲမှ စားသုံးသူ အခွင့်အရေးများ နစ်နာဆုံးရှုံးလျှင် တိုင်ကြားနိုင်မည့် နည်းလမ်းများ ၊ စားသုံးသူ‌ရေးရာဦးစီးဌာနအနေဖြင့် ဈေးကွက်အတွင်း ဘေးအန္တရာယ်ရှိသည်ဟု ယူဆရသော ကုန်ပစ္စည်းများ ပ‌ပျောက်စေရေးအတွက် ဌာနရှိ စစ်ဆေးရေးအရာရှိများက အပတ်စဉ်ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းစဉ်များကို လုပ်ဆောင်နေခြင်းများကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)