မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် စားသုံးသူကာကွယ်ရေးအသိပညာပေး (Talk Show) ဆောင်ရွက်ခြင်း

Powered by Drupal

    မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်မှ  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ ၂၀.၄.၂၀၂၃ရက်နေ့၊ နံနက်(၁၀:၀၀)နာရီချိန် မုဒုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် “စားသုံးသူကာကွယ်ရေးအသိပညာပေး” (Talk Show) ဆွေးနွေးပွဲ ကျင်းပကြောင်း သိရသည်။

       ထို့သို့ ဆွေးနွေးပွဲတွင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မုဒုံမြို့နယ် ဦးစီးအရာရှိ ဒေါ်မိုးမိုးစန္ဒာက ပြည်သူများအတွက်  အသိပညာရရှိစေရန် ရည်ရွယ်၍ စားသုံးသူကာကွယ်ရေးဥပဒေအကြောင်းအရာများကို အကျယ်တဝင့်ဆွေးနွေးခဲ့ကြောင်း သိရှိရပြီး   ဆက်လက်၍ မွန်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာန၊ မုဒုံမြို့နယ်ရုံးတာဝန်ခံ ဦးစည်သူက ဆွေးနွေးရာတွင်  စားသုံးသူကာကွယ်ရေးဥပဒအကြောင်း၊ ဥပဒေအခန်း (၂၃)ပုဒ်မ ၆၂ မှ   ၆၈ အ‌ကြောင်းအရာများ၊ အခန်း ၂၄ပါ ပြစ်မှု၊ ပြစ်ဒဏ်များ ပုဒ်မ ၇၀ မှ ၇၃ထိ  ဥပဒေ အကြောင်းအရာများအား ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)