အိန္ဒိယနိုင်ငံတွင် ကြံရရှိမှု အကန့်အသတ်ရှိခြင်းနှင့် သကြားစက်ရုံများ အစောပိုင်းကာလ၌ပင် ပိတ်သိမ်းခဲ့ရခြင်းတို့ကြောင့် အောက်တိုဘာလ ၁ ရက်နေ့က စတင်ခဲ့သော ၂၀၂၂-၂၀၂၃ ခုနှစ် ထုတ်လုပ်ရောင်းဝယ်ရေးရာသီတွင် သကြားတန်ချိန်ပေါင်း ၃၁.၁ သန်းသာ ထုတ်လုပ်နိုင်ခဲ့ရာ ယခင်နှစ်ကာလနှင့် နှိုင်းယှဉ်ပါက ၅.၄ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း သိရှိရပါသည်။
အိန္ဒိယနိုင်ငံ၏ သကြားတင်ပို့နိုင်မှု မရှိခြင်းသည် ဆယ်စုနှစ်တစ်ခုကျော်ကျော် သကြားအများဆုံး ရောင်းဝယ်ဖောက်ကားမှုရှိခဲ့သော ကမ္ဘာ့ဈေးကွက်တွင် သကြားဈေးနှုန်းများ မြှင့်တက်လာစေနိုင်ပြီး ပြိုင်ဘက်နိုင်ငံများဖြစ်သည့် ဘရာဇီးနိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ သကြားတင်ပို့မှုကို တိုးမြှင့်ရန် အခွင့်အရေးများ ရရှိစေမည်ဖြစ်သည်။
၂၀၂၁-၂၀၂၂ ရာသီတွင် အိန္ဒိယနိုင်ငံ၏ သကြားထုတ်လုပ်မှုမှာ တန်ချိန် ၃၅.၈ သန်း ရှိပြီး ပြည်ပသို့ တန်ချိန် ၁၁.၂ သန်းတင်ပို့နိုင်ခဲ့ရာ အဓိကအားဖြင့် အင်ဒိုနီးရှား၊ ဘင်္ဂလားဒေ့ရှ်၊ မလေးရှား၊ ဆူဒန်၊ ဆိုမာလီယားနှင့် အာရပ်စော်ဘွားများပြည်ထောင်စုသို့ တင်ပို့ခဲ့ခြင်းဖြစ်သည်။ ISMA အဖွဲ့သည် ယခင်က ၂၀၂၂-၂၀၂၃ ထုတ်လုပ်ရောင်းဝယ်ရေးရာသီ၌ သကြားတန်ချိန် ၃၆.၅ သန်း ထွက်ရှိရန် ခန့်မှန်းထားရာမှ ဇန်နဝါရီလနှောင်းပိုင်းတွင် ၇ ရာခိုင်နှုန်းလျော့ချလျက် တန်ချိန် ၃၄ သန်းခန့်သာ ထွက်ရှိနိုင်တော့မည်ဖြစ်ကြောင်း ပြင်ဆင်ခန့်မှန်းထားသည်။
Source: Economic Times, Apr 18, 2023 (လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ ဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)