လက်ပံတန်းမြို့ စည်ပင်သာယာမြို့မစျေးအတွင်း၌ ကုန်ညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြခြင်းရှိ/မရှိ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်း‌ဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် စည်ပင်သာယာမြို့မစျေးအတွင်း ရောင်းချနေသော မုန့်မျိုးစုံရောင်းဝယ်ရေးဆိုင်များတွင် ကုန်အညွှန်း အမှတ်အသားများ ပြည့်စုံစွာ ဖော်ပြခြင်းရှိ /မရှိကို ၂၀၂၃ခုနှစ် ၊ မတ်လ၂၀ရက်နေ့ ၊ နံနက် (၁၀ : ၀၀)နာရီ အချိန် တွင် ခရိုင်ဦးစီးမှူး ဦးအောင်သိန်းနှင့်(စားသုံး/ ထုတ်လုံ)တာဝန်ခံ‌‌‌ ဒေါ်ခိုင်ခိုင်ရီ ၊ မြို့နယ်တာဝန်ခံ ဦးချစ်ကိုကို၊ မြို့နယ်ကျန်းမာရေးမှူး ဦးဇော်မင်းထိုက်  ၊ တိရစ္ဆာန်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဒေါက်တာစိုးမိုးဝင်း ၊ စျေးတာဝန်ခံဦးတိုးအောင်နှင့် စည်ပင်သာယာ‌ရေးအဖွဲ့များ ပူးပေါင်း၍ စျေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

   စားသုံးသူပြည်သူများအနေဖြင့် ကုန်စည်များဝယ်ယူအသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းရေး၊ လုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် ရည်ရွယ်၍ စားသုံးသူကာကွယ်‌ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ ပြည့်စုံစွာဖော်ပြခြင်း ရှိ/မရှိ စျေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ပါကြောင်း သိရှိရသည် ။

DOCA(ပဲခူး)