တောင်ငူခရိုင်အတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိများသည် သက်ဆိုင်ရာဌာနများမှ ညှိနှိုင်းလာပါက ဈေးကွက်စောင့်ကြည့်စစ်ဆေးဆောင်ရွက်ရာတွင် ပူးပေါင်း ဆောင်ရွက်ခြင်း၊ စားသုံးသူတိုင်ကြားလာသည့်ကုန်စည်များအတွက် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကိုပူးပေါင်းဆောင်ရွက်ခြင်းများကို ဆောင်ရွက်လျက်ရှိရာ ပဲခူးတိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီက ချမှတ်ပေးသည့် ဦးစားပေးကုန်စည် အလိုက် ပုံမှန်ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်းကိုလည်း အပတ်စဉ် ဆောင်ရွက်လျက်ရှိပါသည်။ ဧပြီလ ၁၈ ရက်နေ့ နံနက်ပိုင်းတွင် ရေတာရှည်မြို့နယ်တာဝန်ခံ ဦးဇော်ထွေးသည် ရေတာရှည်မြို့ စည်ပင်သာယာဈေးအတွင်းရှိ ကုန်စုံဆိုင်များတွင်လည်းကောင်း၊ ဧပြီလ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် အုတ်တွင်းမြို့နယ်တာဝန်ခံ ဒေါ်အေးအေးခိုင်နှင့် ဝန်ထမ်းများသည် အုတ်တွင်းမြို့ စည်ပင်သာဈေးအတွင်းရှိ ကုန်စုံဆိုင်များတွင်လည်းကောင်း၊ ဧပြီလ ၂၁ ရက်နေ့ နံနက်ပိုင်းတွင် ဖြူးမြို့ စည်ပင်သာယာဈေးအတွင်းရှိ ကုန်စုံဆိုင်များ၌လည်းကောင်း ရောင်းချလျှက်ရှိသည့် အလှ ကုန်ပစ္စည်းများတွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် ၂/၂၀၁၉ နှင့်အညီ မြန်မာဘာသာဖြင့်ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများ ဖော်ပြထားခြင်းရှိ/မရှိကို ဈေးကွက်စစ်ဆေး ဆောင်ရွက်လျက်ရှိပါသည်။ ဈေးကွက်စစ်ဆေး ဆောင်ရွက်စဉ် စစ်ဆေးရေးအရာရှိများသည် ဆိုင်ပိုင်ရှင်များအား အလှကုန်ပစ္စည်းများအပါအဝင် ကုန်စည်များ၌ မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားများဖော်ပြရန် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်က ညွှန်ကြားချက်အမှတ် ၂/၂၀၁၉ ဖြင့် ညွှန်ကြားထားပြီးဖြစ်ပါသဖြင့် မြန်မာဘာသာဖြင့်ဖော်ပြရန် ညွှန်ကြားထားသည့် ကုန်အညွှန်း အမှတ်အသားများ ဖော်ပြခြင်းမရှိသည့် ကုန်စည်များအား ရောင်းချခြင်းမပြုရန် အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရပါသည်။

DOCA(ပဲခူး)