ထွန်းသူဇာပဲရောင်းဝယ်ရေးလုပ်ငန်းအား ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရေးကွင်းဆင်းစစ်ဆေး

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် ဦးစီးမှူးဦးစီးမှူးရုံးသည် (၂၀.၄.၂၀၂၃)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီက မအူပင်မြို့နယ်၊ သိုက်ကုန်းလမ်းရှိ ထွန်းသူဇာ လက်ကားပဲမျိုးစုံရောင်းဝယ်ရေးလုပ်ငန်းသို့ သွားရောက်၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန် ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

          အဆိုပါကွင်းဆင်းစစ်ဆေးမှုတွင် မအူပင်မြို့နယ်ရှိ ကျေးရွာအုပ်စု(၇၆)အုပ်စုမှ မိုးစပါး စိုက်ပျိုးခဲ့ပါကြောင်း၊ မတ်ပဲ၊ ပဲတီစိမ်းများကို ဆောင်သီးနှံစိုက်ပျိုးခဲ့ပါကြောင်း၊ ဖေဖော်ဝါရီလနှင့် မတ်လများတွင် နေ့စဉ် ကုန်ချိန် တင်း(၁၀၀၀) ကျော်လာရောက်ချခဲ့ကြောင်း၊ ယခုနှစ်တွင် မတ်ပဲ၊ ပဲတီစိမ်း ဈေးနှုန်းအနေဖြင့် မတ်ပဲ၊ ပဲတီစိမ်း ထွက်ရှိမှုတို့အပေါ် တွက်ခြေကိုက်အကျိုးအမြတ်ရှိကြောင်းနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးနှင့် (SME)လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အသိပညာပေးဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)