- ဘေးအန္တရာယ် ဤလူနယ် သွယ်သွယ်ပေါလှသည်
သဘာဝရယ် လောဘနယ် နှစ်သွယ်ကင်းရမည်
ရေစီးသန်တယ် ကမ်းအလှပြယ် အန္တရာယ်ကကြမ်းလှသည်
- သတင်းအချက်အလက် စားသုံးသူအတွက် အသက်ထက်ပင် အရေးကြီးသည်
သတင်းမမက် သင်တို့အတွက် သောကရမ္မက်ဆုံဆည်းမည်
ဘဝတိုးတက် တို့များအတွက် လမ်းညွှန်ချက်များမှီးရမည်
- ရွေးချယ်ကြပါ လွတ်လပ်စွာ ဆန္ဒလောဘရှင်းရသည်
လူသားခြင်းမှာ မျှတစွာ နစ်နာမှု့များကင်းရမည်
ရွေးချယ်မှု့မှာ ကျွမ်းကျင်ပါ ပညာသုတလင်းရမည်
- စည်းပျက်ကမ်းပြယ် ဤလူ့နယ် အဘယ်လျှောက်ရမည်
ထုတ်လုပ်နယ်ပယ် ရောင်းသူမယ် အဘယ်စောင့်ရမည်
ကိုယ်ရဖို့ရွယ် လောဘချယ် လူ့နယ်ဘဝမှောက်တော့မည်
- နစ်နာမှု့အတွက် တင်ပြချက် ချိတ်ဆက်ဖို့ရာသိရမည်
တင်ပြချက်မှာ ပြည့်စုံစွာ ခို်ငမာအထောက်အထားရှိရမည်
အထောက်အထားမှန် မျှတရန် ဧကံဥပဒေနှင့်ညှိရမည်
- ထိခိုက်နစ်နာ စားသုံးသူမှာ မှန်စွာအခွင့်အရေးရသင့်သည်
အခွင့်အရေးမှန် လျှော်ကြေးဒဏ် ပြန်လှန်ကုစားပေးသင့်သည်
ကြားနာနေစဉ် နှစ်ဖက်လုံးတွင် ပြစ်တင်မောဟ ကင်းရမည်
- စားသုံးသူရေးရာ အသိပညာ ပြည်ရွာအနှံလျှမ်းသင့်သည်
ပြည်ရွာလျှမ်းဖို့ ညီနောင်တို့ အစဉ်တိုးတက်ဖို့လုံးလတည်း
တို့ တိုးတက်မှ လူ့ဘောင်ဘဝ သာယာကြဖို့ကြိုးစားမည်
- စဉ်ဆက်မပြတ် စားသုံးတတ်ဖို့ လမ်းညွှန်ချက်မှီလျှောက်ကြမည်
တို့လျှောက်သည့်လမ်း ဆူးမကြမ်းဖို့
တို့လျှောက်သည့်လမ်း သာယာလွှမ်းမှ ရွှင်လန်းဝန်းကျင်ရတော့မည်
ကိုယ်ကျင့်တရား အရင်းတည်ထား စားသုံးသူများရဲ့ ရွှေမြန်မာပြည်
တင်ဌေး(အောင်ပန်း)
DOCA(ရှမ်း)