ရွှေတောင်ဒေသထွက် သကြားပြောင်း

Powered by Drupal

       ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ မီးလောင်အုပ်စု၊ မီးလောင်ကျေးရွာသို့ (၁၉.၄.၂၀၂၃)ရက်နေ့၊ နံနက်ပိုင်းတွင် ပြောင်းဖူးစိုက်ခင်းသို့ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများ သွားရောက်၍ ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။

       ထိုသို့ကွင်းဆင်းရာ ပြောင်ဖူးစိုက်ပျိုးသူတောင်သူ ဦးတိုးနိုင်ဝင်းက စိုက်ပျိုးသည့် ပြောင်းဖူးမျိုးမှာ (9)တံဆိပ် သကြားပြောင်းအမျိုးအစားဖြစ်ပါသည်။ ပြောင်းဖူးစိုက်ပျိုးရာတွင် ပြောင်းမျိုးစေ့တစ်ထုပ်ကို (၃၇၀၀၀)ကျပ်ဖြင့် (၄)ထုပ်ဝယ်၍ စိုက်ပျိုးရသဖြင့် စုစုပေါင်းမျိုးစေ့တန်ဖိုးမှာ (၁၄၈၀၀၀)ကျပ် ကုန်ကျကြောင်းသိရပါသည်။ ပြောင်းပင်ကို တပို့တွဲလတွင် စတင်စိုက်ပျိုးပြီး စိုက်ပျိုးပြီး (၇၅)ရက်ကြာလျှင် ပြောင်းဖူးများ စတင်ထွက်ရှိလာသဖြင့် ချိုးယူကာ ရောင်းချရကြောင်း သိရပါသည်။ ပြောင်းဖူးတစ်ယောက်စိုက်ခင်းတွင် စိုက်ပျိုးထုတ်လုပ်ကုန်ကျစရိတ်အနေဖြင့် (၂)သိန်းကျပ်ခန့် ကုန်ကျသည်ဟု သိရပြီး ထိုပြောင်းဖူးခင်းတွင် အထွက်နှုန်းအနေဖြင့် ပြောင်းဖူး အဖူးရေ အကြီး၊ အသေး သောင်းပြောင်း (၁၈၀၀)ခန့်ထွက်ရှိသည်ဟု သိရပါသည်။ ထွက်ရှိလာသောပြောင်းဖူးများကို တစ်ဆင့်ပြန်လည်ရောင်းချမည့်သူများက ပြောင်းခင်းသို့ဆင်း၍ ဝယ်ယူကြသလို ရွှေတောင်မြို့ဈေးများနှင့် ပြည်ဈေးကွက်၊ ရန်ကုန်မြို့သို့ တင်ပို့ရောင်းချကြောင်းသိရပါသည်။

    သကြားပြောင်းကို လူအများက သားရည်စာအဖြစ် စားသုံးကြသည့်အပြင် ဟင်းချက်၍ စားသုံးကြသဖြင့် စားသုံးသူကြိုက်နှစ်သက်သော ပြောင်းဖူးမျိုးဖြစ်၍ ပြောင်းဖူးစိုက်ပျိုးသူ တောင်သူများအတွက် ရောင်းကောင်းသောပြောင်းဖူးမျိုးဖြစ်ပါသည်။ ထို့ကြောင့် ပြောင်းဖူးစိုက်ပျိုးသူတောင်သူများအနေဖြင့် အသားတင်အကျိုးအမြတ်မှာ အဖူးအထွက်များလျှင် များသလို အကျိုးအမြတ် များနိုင်မှာဖြစ်၍ ဧကတိုးချဲ့စိုက်ပျိုးနိုင်လျှင် အကျိုးအမြတ်ပိုမိုရရှိနိုင်မည်ဖြစ်ကြောင်း သိရပါသည်။

  DOCA (ပဲခူး)