တောင်ကြီးမြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

     ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၅ ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ကြီးခရိုင်ဦးစီး မှူးရုံးမှ စစ်ဆေးရေးမှူးနှင့် ဝန်ထမ်းများသည် တောင်ကြီးမြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်များသို့ စက်သုံးဆီရောင်းချမှုအခြေအနေ၊ စက်သုံးဆီအချိန်အတွယ်မှန်ကန်မှုရှိ/ မရှိနှင့် စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်လျက်ရှိသော သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချခြင်း ရှိ/ မရှိတို့ကို  ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ (၂၅.၄.၂၀၂၃) ရက်နေ့ သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြစ်သည့် (92-2135, 95-2225, HSD-2070, PD-2150) ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်းနှင့် စက်သုံးဆီများရောင်းချရာတွင် အချိန်အတွယ်မှန်ကန်မှုရှိ/ မရှိ စစ်ဆေးရာတွင် မှန်ကန်ကြောင်း စစ်ဆေးတွေ့ရှိပါသည်။ ယင်းနေ့တွင် တောင်ကြီးမြို့ပေါ်ရှိ စက်သုံးဆီဆိုင်ပေါင်း (၉) ဆိုင်ကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

DOCA(ရှမ်း)