မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ အောင်သပြေဈေးရှိ မုန့်မျိုးစုံဆိုင်များအား ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိမရှိ ကွင်းဆင်းစစ်ဆေး

Powered by Drupal

       ဧရာဝတီတိုင်းဒေသကြီး၊   စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် တာဝန်ခံ ဦးအောင်မိုးသည် (၁၈.၄.၂၀၂၃)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီက  မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့နှင့်ပူးပေါင်း၍ ဝါးခယ်မမြို့၊ အောင်သပြေဈေးရှိ မုန့်မျိုးစုံဆိုင်များတွင် ရောင်းချနေသော ကုန်ပစ္စည်းများ၌ ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစိစစ်ရာတွင် မြို့နယ်တာဝန်ခံမှ ဝါးခယ်မမြို့နယ်၊ အောင်သပြေဈေးအတွင်း  ရောင်းချနေသော မုန့်မျိုးစုံဆိုင်ပိုင်ရှင်များအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)ပါ ပြဌာန်းချက်များအနက်စားသုံးသူ၏အခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များနှင့် ပြစ်မှုပြစ်ဒဏ်များကိုရှင်းလင်းပြောကြားကာ၊ ဥပဒေ အခန်း(၁၈) ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ-၄၁ ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် မြန်မာဘာသာဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု(သို့) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေရေးသား ဖော်ပြကြရန်နှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေညွှန်ကြားချက် များနှင့်အညီ လိုက်နာဆောင်ရွက်ကြရန်တို့အတွက် ဈေးကွက်တွင်ရောင်းချနေသော ကုန်စည်များတွင်လည်း ကုန်အညွှန်းအမှတ်အသား ပြည်စုံစွာဖော်ပြထားမှုရှိ/မရှိအား ဌာနမှ ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုအား စဉ်ဆက်မပြတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးစစ်ဆေးခဲ့ပါသည်။

DOCA (ဧရာဝတီ)