ဒေးဒရဲမြို့နယ် မြင်းကကုန်းကျေးရွာ ပြည်သူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော

Powered by Drupal

     ဖျာပုံခရိုင်၊  ဒေးဒရဲမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးသိန်းမောင်သည်   ၂၀၂၃ခုနှစ် (၂၁.၄.၂၀၂၃)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် မြင်းကကုန်းကျေးရွာ  အုပ်ချုပ်ရေးမှူးရုံး၌ ကျေးရွာတွင်းရှိ ပြည်သူ( ၁၁ )ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းကို   ဆောင်ရွက်ခဲ့ပါသည်။

       ဟောပြောပွဲတွင် ဒေးဒရဲမြို့နယ်စားသုံးသူရေးရာ မြို့နယ်တာဝန်ခံဦးသိန်းမောင်က မိမိတို့ဌာန၏ စားသုံးသူကာကွယ်ရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေ၊ စားသုံးသူကာကွယ်ရေး  ဥပဒေပါ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာများ၊  စားသုံးသူများ နစ်နာမှုဖြစ်ပေါ်လာပါက တိုင်ကြားနိုင်မှု အခြေအနေများ၊ ရွေးချယ်ဝယ်ယူစားသုံးသင့်သည့် ကုန်စည်များအကြောင်းတို့ကို အသိပညာပေးဟောပြောခဲ့ပါသည်။

DOCA(ဧရာဝတီ)