ကြခတ်ကုန်းကျေးရွာ ပြည်သူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပန်းတနော်မြို့နယ်ဦးစီးမှူးရုံးသည် (၂၅.၄.၂၀၂၃) နေ့ ၊(၁၀:၀၀) နာရီအချိန်တွင် ပန်းတနော်မြို့နယ် ကြခတ်ကုန်ကျေးရွာရှိ ပြည်သူများအား စားသုံးသူကာကွယ်ရေးနှင့် ဥပဒေအကြောင်း၊  ပြည်သူများ စားသုံးသူ အခွင့်အရေးဦးစားပေးသိရှိနိုင်ရန် အသိပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။

    အသိပညာပေး ဆွေးနွေးမှုတွင် ပန်းတနော်မြို့နယ်ဦးစီးမှူး ဦးပိုးဖြူပိုင်မင်းနှင့် ဝန်ထမ်းများသည် ပန်းတနော်မြို့နယ် ကြခတ်ကုန်းကျေးရွာရှိ ပြည်သူ(၁၀)ဦးနှင့် တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉) အကြောင်းကို အကျယ်တဝင့်ရှင်းလင်းဆွေးနွေးပြီး စားသုံးသူကာကွယ်ရေး လုပ်ငန်းစဉ်များအကြောင်း၊ စားသုံးသူအခွင့်အရေး(၈)ချက်၊ စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉) အခန်း(၁) အမည်၊ အဓိပ္ပါယ်ဖော်ပြချက်များအကြောင်းကို ရှင်းလင်းဆွေးနွေးပြီးနောက် စားသုံးသူ အခွင့်အရေးနှင့် စားသုံးသူကာကွယ် ရေးလုပ်ငန်းစဉ်များအကြောင်းကို သိရှိလေ့လာလိုပါက doca.gov.mn website တွင် သတင်းနှင့်လှုပ်ရှားမှုများကို ဝင်ရောက်လေ့လာနိုင်ပါကြောင်း၊ FacebookPage တွင်လည်းဝင်ရောက်လေ့လာနိုင်ကြောင်း၊ စားသုံးသူအခွင့်အရေးကို ကိုယ်တိုင်ရယူတတ်စေရန် ပြည်သူတိုင်းဟာ စားသုံးသူဖြစ်၍ စားသုံးသူတိုင်းတွင် စားသုံးသူအခွင့်အရေးရှိကြောင်း၊ စားသုံးသူအခွင့်အရေး နစ်နာဆုံးရှုံးရှိလာပါက တိုင်ကြားနိုင်ကြောင်း၊ တိုင်ကြားခြင်းနှင့်ပတ်သက်၍ အလွယ်တကူ တိုင်ကြားနိုင်ရန် (CICC) ဖွင့်လှစ်ထားကြောင်း၊ DOCA Myanmar Mobile Application ဖြင့်လည်းကောင်း၊ စားသုံးသူစစ်တမ်းကောက်ယူမှုအရ ဖုန်းဖြင့် ဆက်သွယ် တိုင်ကြားမှုနည်းလမ်းဖြင့်လည်းကောင်း၊ Consumer Call Center 1535 သို့လည်းကောင်း နစ်နာသူကိုယ်တိုင်(သို့မဟုတ်) မိသားစုဝင် အစိုရဌာနအဖွဲ့အစည်းများ၊ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသင်းအဖွဲ့များမှတဆင့် တိုင်ကြားနိုင်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ပြည်သူများမှလည်း သိရှိလိုသည်များကို မေးမြန်းခဲ့ကြကာ ဟောပြောပွဲအောင်မြင်စွာပြီးမြောက်ခဲ့ကြောင်း သိရပါသည်။

DOCA(ဧရာဝတီ)