ဆန်၊ ဆန်ကွဲ ထုတ်လုပ်မှု၊ ဈေးနှုန်း၊ဈေးကွက် အခြေအနေလေ့လာသုံးသပ်တင်ပြခြင်း

Powered by Drupal

၁။      စိုက်ပျိုးထုတ်လုပ်မှု။             စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ စာရင်း အရ  ၂၀၂၀-၂၀၂၁ ခုနှစ်၊ မိုးစပါးစိုက်ဧက (၁၄၉၂၆၇၁၀) စိုက်ပျိုးထားရှိခဲ့ရာ ၃၀.၁၁.၂၀၂၀ ရက်နေ့ အထိ (၈၀၄၇၆၀၀)ဧက ၊ ရာခိုင်နှုန်းအားဖြင့်(၅၃.၉၁% )ရိတ်သိမ်းပြီးဖြစ်ပါသည်။ တစ်ဧကပျမ်းမျှ အထွက်နှုန်း(၇၄.၂၅)တင်းဖြင့်  စပါးတင်းပေါင်း (၅၉၇၅၀၃၂၀၉) တင်း ထွက်ရှိနေပြီဖြစ်ပါသည်။ ထွက်ရှိသည့် စပါးတင်းများအား သုံးစွဲမှုစပါးတင်း (မျိုး၊ အလေအလွင့်) နှုတ်ပါယ်ပါက စပါးတင်း (၅၄၉၇၂၄၆၉၃)ခန့်ကျန်ရှိပါသည်။

၂။       ပြည်ပတင်ပို့နိုင်မှု။                ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် (၁.၁၀.၂၀၂၀ မှ ၁၈.၁၂.၂၀၂၀ ) ရက်နေ့ထိ နိုင်ငံပေါင်း(၂၈)နိုင်ငံသို့ ဆန်တန်ချိန် (၃၄၅၅၉၇)၊ တန်ဘိုး(၁၃၈.၁၆၁) USD သန်း တင်ပို့ခဲ့ပြီး၊ တရုတ်၊ ဖိလစ်ပိုင်၊ မလေးရှား၊ ပိုလန်၊ ဗီယက်နမ်နိုင်ငံများသို့ အများဆုံးတင်ပို့နေ ရကြောင်း တွေ့ရှိရပါသည်။ ယခင်နှစ်အလားတူကာလတွင် ဆန်တန်ချိန် (၅၄၇၆၃၉)၊ တန်ဘိုး (၁၆၄.၁၆၅) USD သန်း တင်ပို့ခဲ့သဖြင့် ယခင်နှစ်ထက် ဆန်တန်ချိန် (၂၀၂၀၄၂)၊ တန်ဘိုး (၂၆.၀၀၄) USD သန်း လျော့နည်းတင်ပို့ခဲ့ပါသည်။ ဆန်ကွဲတင်ပို့မှုအနေဖြင့် (၁.၁၀.၂၀၂၀ မှ ၁၈.၁၂.၂၀၂၀ )ရက်နေ့ထိ နိုင်ငံပေါင်း(၁၇)နိုင်ငံသို့ တန်ချိန်(၁၇၅၂၈၇)၊ တန်ဘိုး (၅၈.၃၇၂) USD သန်း တင်ပို့ခဲ့ပြီး၊ တရုတ်၊ ဘယ်ဂျီယံ၊ ထိုင်း၊ အင်ဒိုနီးရှား၊ နယ်သာလန်နိုင်ငံများသို့ အများဆုံးတင်ပို့နေရကြောင်း တွေ့ရှိရပါ သည်။ ယခင်နှစ်အလားတူကာလတွင် ဆန်ကွဲတန်ချိန် (၂၇၀၀၇၀)၊ တန်ဘိုး(၇၀.၂၃၁) USDသန်း တင်ပို့ခဲ့ သဖြင့် ယခင်နှစ်ထက် ဆန်ကွဲတန်ချိန် (၉၄၇၈၂)၊ တန်ဘိုး (၁၁.၈၅၉) USDသန်းလျော့နည်း တင်ပို့ခဲ့ ပါသည်။

ဈေးနှုန်း၊ဈေးကွက်အခြေအနေ

၃။      စပါး၊ ဆန် အဓိက စိုက်ပျိုးထုတ်လုပ် တင်ပို့ ရောင်းချနေသည့် မြို့ကြီးများ၏ စပါးဈေးနှုန်းမှာ (၄၆)ပေါင်ကိုက် တင်း(၁၀၀)လျှင် ပုသိမ်တွင် ၆၄၄၀၀ဝိ/-၊ ပဲခူးတွင် ၆၁၆၀၀ဝိ/-၊ ရန်ကုန်(သန်လျင်) တွင် ၆၀၄၀၀ဝိ/-ကျပ် ဈေးရှိ၍  ယခင်နှစ်ထက် ပုသိမ်တွင် ၁၆၆၀၀ဝိ/-၊ ပဲခူးတွင် ၁၁၆၀၀ဝိ/-၊ ရန်ကုန် (သန်လျင်)တွင် ၁၂၄၀၀ဝိ/-ကျပ် မြင့်တက်နေ ကြောင်းတွေ့ရှိရပါသည်။ ဧည့်မထဆန် တစ်အိတ် ဈေးနှုန်းမှာ ပုသိမ်တွင် ၂၅၀၀ဝိ/-၊ ပဲခူးတွင် ၂၄၀၀ဝိ/-၊ ရန်ကုန်(သန်လျင်)တွင် ၂၃၅၀ဝိ/-ကျပ် ဈေးရှိ၍  ယခင်နှစ်ထက် ပုသိမ်တွင် ၆၀၀ဝိ/-၊ ပဲခူးတွင် ၆၀၀ဝိ/-၊ ရန်ကုန်(သန်လျင်)တွင် ၆၅၀ဝိ/-ကျပ် မြင့်တက်နေကြောင်း တွေ့ရှိရပါသည်။ ဆန်ကွဲတစ်အိတ်ဈေးမှာ ပုသိမ်တွင် (A1 Extra ) ၁၉၈၀ဝိ/-၊ (B 1,2 ) ၁၈၅၀ဝိ/-၊ ( B 2,3,4) ၁၈၀၀ဝိ/-ကျပ်၊  ပဲခူးတွင် (A1 Extra ) ၂၂၀၀ဝိ/-မှ ၂၂၅၀ဝိ/- ၊ (B 1,2 ) ၁၉၅၀ဝိ/-မှ ၂၀၀၀ဝိ/-၊ ( B 2,3,4) ၁၈၀၀ဝိ/-မှ ၁၈၅၀ဝိ/-၊ ရန်ကုန်(ဝါးတန်း)တွင်  (B 1,2 ) ၁၉၇၀ဝိ/-၊ ( B 2,3,4)၁၈၇၀ဝိ/-ကျပ်ဈေးရှိ ပြီး ယခင်နှစ်ထက် ဈေးနှုန်းမြင့်တက်နေကြောင်း သိရပါသည်။

၄။      ယခုနှစ် မိုးစပါးရာသီတွင် စတင်စိုက်ပျိုးချိန်၌ မိုးရေလုံလောက်စွာမရရှိခြင်း၊ ရိတ်သိမ်းချိန်တွင် မိုးရွာသွန်းမှုကြောင့် စပါးများပျက်စီးခဲ့သဖြင့် အထွက်နှုန်းလျော့နည်းနိုင်ခြင်း၊ တရုတ်နိုင်ငံမှ ဆန်၊ ဆန်ကွဲဝယ်လိုအားမြင့်တက်မှုကြောင့် ဆန်ထွက်ပစ္စည်းဈေးပိုမိုရရှိ၍ ကြိတ်ခွဲမှုတွက်ခြေကိုက်သဖြင့် စပါးရရှိရေး မန္တလေး၊ မတ္တရာဖက်မှ ကုန်သည်များ နယ်ဆင်းဝယ်ယူမှုရှိနေခြင်း၊ ဒေသခံကုန်များ ဈေးပေးဝယ်ယူမှုကြောင့် စပါး၊ ဆန်ဈေး ယခင်နှစ်ထက် မြင့်တက်ကြောင်း သိရပါသည်။

၅။      ပြည်တွင်းစပါးဈေး၊ ဆန်ဈေးမြင့် တက်နေသဖြင့် နိုင်ငံတကာဈေးကွက်တွင် အိန္ဒိယနိုင်ငံနှင့် ယှဉ်ပြိုင်ရောင်းချနိုင်ခြင်းမရှိ၍ ယခုအချိန်ထိ အာဖရိက ဈေးကွက်ဝယ်လိုအား တက်လာခြင်းမရှိ ကြောင်းသိရပါသည်။ သို့သော် တရုတ်နိုင်ငံသည် ရေကြီးရေလျှံမုန်တိုင်းဒဏ်ခံခဲ့ရ၍ ဆန်စပါးအများ အပြားပျက်စီးကာ အထွက်နှုန်းများစွာလျော့၍ လိုအပ်ချက်မြင့်မားနေသည့်အတွက် မဖြစ်မနေ မြန်မာနိုင်ငံမှ ဆန်၊ ဆန်ကွဲ ဝယ်ယူရမည့် အခြေအနေတွင်ရှိကြောင်း သိရပါသည်။ လက်ရှိတွင် အိန္ဒိယနိုင်ငံသည်လည်း နိုဝင်ဘာလကုန်ဝန်းကျင်က မုန်တိုင်းဒဏ်ခံခဲ့ရ သဖြင့် ပြည်နယ်တစ်ခုထဲပင် စပါးဟက်တာ (၆.၅၉)သန်းကျော် ပျက်စီးခဲ့ပြီး ပြည်နယ်(၁၈)ခုထိခိုက်မှု ခဲ့၍ ဆန်ဈေးနှုန်းမြင့်တက်လျှက်ရှိရာ တရုတ်နိုင်ငံသို့ ဆန်တင်ပို့နိုင်မှု အရေအတွက်အကန့်အသတ်ရှိလာနိုင်ကြောင်း သိရပါသည်။ ပြည်တွင်းထုတ်လုပ်မှုအားနည်းချိန် ပြည်ပတင်ပို့မှု နည်း ခြင်းက ဈေးကွက်မျှခြေတစ်ခုဖြစ်လာကြောင်း ဆန်ကုန်သည်များအသိုင်းအဝန်းမှ သိရှိရပါသည်။