ရွှေဘိုခရိုင်ဦးစီးမှူးရုံးတွင် (၄/၂၀၂၃)ကြိမ်မြောက် Thursday Talk ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး အထောက်အကူပြု အသိပညာပေးဟောပြောဆွေးနွေး

Powered by Drupal

     စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ (၄.၅.၂၀၂၃)ရက်နေ့၊ နေ့လယ် (၁၃:၀၀)နာရီအချိန်တွင် ဝန်ထမ်းများစွမ်းဆောင်ရည်မြင့်မားစေရန် ရည်ရွယ်၍ (၄/၂၀၂၃)ကြိမ်မြောက် Thursday Talk ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး အထောက်အကူပြု အသိပညာပေးဟောပြောဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ရာ ဝန်ထမ်း (၁၁) ဦး တက်ရောက်ခဲ့ပါသည်။

       အဆိုပါ Thursday Talk တွင် ခရိုင်ဦးစီးမှူး ဦးဇော်မင်းသိန်းက စားသုံးသူကာကွယ်ရေးနည်းဥပဒေ၊ အခန်း(၇)မှ စစ်ဆေးရေးအရာရှိ၏ အခန်းကဏ္ဍအကြောင်းများကို အကျယ်ဝင့် ရှင်းလင်းပို့ချခဲ့ပြီး ဝန်ထမ်းများအနေဖြင့် အားလပ်သည့်အချိန်တွင် စားသုံးသူကာကွယ်ရေးဥပဒေနှင့် နည်းဥပဒေများကို လေ့လာထားရန် လိုအပ်ကြောင်း ဆွေးနွေးခဲ့ပါသည်။

DOCA(စစ်ကိုင်း)